ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Aug 2022

              ဩဂုတ်လ တတိယအပတ်တွင် ရေနံချောင်းမြို့၏ ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမြင့်တက်လာကြောင်း သိရပါသည်။ ဇူလိုင်လတွင် ကြက်သွန်နီသည် အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်ပြီး (၁)ပိဿာလျှင်(၁၄၀၀-၁၆၀၀-၁၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ယခုဩဂုတ်လ တတိယအပတ်တွင် (၁)ပိဿာလျှင် (၁၉၀၀-၂၁၀၀-၂၄၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်၍ ကြက်သွန်နီ စိုက်တောင်သူများ စျေးကောင်းရနေကြောင်း သိရပါသည်။

22 Aug 2022

           ဩဂုတ်လ ဒုတိယအပတ်တွင် မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံး ပစ္စည်းတစ်မျိုးဖြစ်သည့် ငရုတ်သီးခြောက်စျေးနှုန်းများ မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

22 Aug 2022

             စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ ရည်ညွှန်းလက်ကားစျေးနှုန်းများအားနေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။

22 Aug 2022

            (၁၇-၈-၂၀၂၂) ရက်နေ့တွင် Diamnd Dragon Co;Ltd ၏ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ “ရာသက်ပန်” အမှတ်တံဆိပ် စားသုံးဆီများကို တစ်ပိဿာလျှင် (၃၉၀၀) ကျပ်နှုန်းဖြင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့တွင် ဈေးကားဖြင့်လှည့်လည်ရောင်းချပေးခဲ့ပါတယ်။

22 Aug 2022

              အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၁၂)ရက်နေ့မှ ဩဂုတ်လ(၁၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းခ

Pages