ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ ပွင့်ဖြူမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ် သက်၍ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ၌ မိုးစပါးစိုက်ပျိုးနေမှုအခြေအနေကို တောင်သူ ဒေါ်ခင်စန်းလွင်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံနှင့် နှမ်းသီးနှံများ အနက်ပဲတီစိမ်းနှင့်နှမ်းသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဩဂုတ်လ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၅၀၀ဝိ/-)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုစတုတ္ထပတ်တွင် (၅၀၀၀ဝိ/-)ဖြင့်ဈေးမြင့်တက်လာကြောင်း သို့ရာတွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း၊ နှမ်းသီးနှံများမှာလည်း တတိယပတ်တွင် နှမ်းနက် တစ်တင်းလျှင်(၈၀၀၀ဝိ/-)၊ နှမ်းနီ တစ်တင်းလျှင်(၇၅၀၀ဝိ/-)ဖြစ်ပြီး စတုတ္ထပတ်တွင် နှမ်းနက်တစ်တင
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/Mag 45.jpg?itok=C3ixrdyY)
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် လယ်ယာဥယျာဉ်ခြံမြေ များတွင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့စားသုံးမှုများ၍ ဈေးကွက် အခိုင်အမာရှိသော ကွမ်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်းသိရသည်။ ပွင့်ဖြူဒေသတွင် ကွမ်းစိမ်းနှင့် ကွမ်းနုဝါ(ရွှေဒါး) ကို အဓိကစိုက်ပျိုးကြကြောင်း၊ ကွမ်းရွက်ကို ကွမ်းယာစားသုံးရာတွင် အသုံးပြုရန်နှင့် တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုရန် အဓိကဝယ်ယူကြကြောင်း သိရသည်။
ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ဖျာပုံမြို့နယ်ဆီကုန်သည်များအသင်းတို့ ပူးပေါင်း၍ အခြေခံပြည်သူဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေး အတွက် စားအုန်းဆီ(၁)ပိဿာကို(၅၃၀၀)ကျပ်နှုန်းထားဖြင့် လူဦးရေ(၂၂၀) ဦးအားဩဂုတ်လ(၂၂) ရက်နေ့ ၊မနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ဆန်စက် ဆန်ကုန်သည်အသင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်မှ ဝန်ထမ်းများသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့်အစီအစဉ်ကို (၁၆-၈-၂၀၂၂) ရက်နေ့မှ (၂၁-၈-၂၀၂၂) ထိ ယာဉ်(၄)စီးဖြင့် မိတ္ထီလာခရိုင်အတွ