ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မိုးဦးကျရာသီ၏ ဖားသွယ် ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ငါး ဈေးနှုန်းကဲ့သို့   မြင့်တက်လျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယအပတ်တွင် ကျွန်းလှမြို့၏ ဖားသွယ်ဈေးနှုန်းများအနေဖြင့် ဖားသွယ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ဖားသွယ် (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် ဖားသွယ် (၂၅) ကျပ်သားလျှင်(၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဖားရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)