ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပိတ်စွယ် ဈေးနှုန်းများမှာ ပိတ်စွယ် အပင်အကြီး အသေးပေါ်မူတည်၍(၅/၇)ချောင်းပါ တစ်စည်းလျှင် (၁၀၀၀)ကျပ်၊ (၁၀)စည်း တစ်ထုံးလျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး (၇)တောင့်ပါ ၁စီးလျှင်(၄၀၀)ကျပ်၊ ပဲတောင့် ရှည်သီး(၇)တောင့်ပါ ၂စီးလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ မျှစ်စိမ်း ဈေးနှုန်းမှာ မျှစ်စိမ်း လက္ကား တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မျှစ်စိမ်း လက်လီ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မျှစ်စိမ်း(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ မျှစ်စိမ်း(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် မျှစ်ပြုတ် လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်နှင့် မျှစ်ပြုတ် လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ မျှစ်ပြုတ်(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် မျှစ်ပြုတ်(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်း သီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
Doca(စစ်ကိုင်း)