ကုန်သွယ်မှုသတင်းများ
နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်မှဆောင်ရွက်နေသည့် သက်သာသော ဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများလက်ဝယ်အရောက် ရောင်းချနေမှုကို ယနေ့ ၅-၈-၂၀၂၂ ရက်နေ့တွင် ဌာနဆိုင်ရာနှင့် ကျေးရွာများသို့ ရောင်းချမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၄၅၆.jpg?itok=-nPnlhZq)
သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ပဲတီစိမ်းသီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဇွန်လ စတုတ္ထပတ်တွင် ပဲတီစိမ်းသီးနှံ တစ်တင်းလျှင် (၄၆၀၀ဝိ/) ရှိခဲ့ရာမှ၊ ယခုဇူလိုင်လ ပထမပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် (၄၀၀၀ဝိ/)နှုန်းဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၅_2.jpg?itok=EJ1j2-UD)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင် ၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး ၊ စံချိန်စံညွှန်းများနှင့်ပြည့်မှီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၃_18.jpg?itok=4EoRjzEi)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများသည် (၁.၈.၂၀၂၂) နေ့တွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးမြို့၊ ဘုရားပြိုကျေးရွာရှိ မိုးနှမ်း (၅) ဧက စိုက်ပျိုးသော တောင်သူဦးထွန်းမြင့်နှင့်တွေ့ဆုံပြီး မိုးနှမ်းများစတင်ရိတ်သိမ်းမှု၊ ထွက်ရှိမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂_22.jpg?itok=yoXOy-xG)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မေလဆန်းမှစတင်ကာ မိုများရွာသွန်းခဲ့၍ တောင်သူများအနေဖြင့် မိုးနှမ်းများစတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/1_4.png?itok=pR9oOCj4)