ကုန်သွယ်မှုသတင်းများ
မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည့် မိုးဦးကျကာလများတွင်ပေါ်သည့် မျှစ်ကို သရက်မြို့ပတ်ဝန်းကျင် ကျေးရွာများရှိ ချောင်းကြို မြောင်းကြား၊ လျှိုကြားများတွင် ပေါက်ရောက်လျက်ရှိသည့်ဝါးရုံတောမှထွက်ရှိသော မျှစ်ကို မျှစ်ပြုတ်၊ မျှစ်ဆပ်၊ မျှစ်ချဉ်ဟူ၍ အမျိုးမျိုးပြုလုပ်၍ ရောင်းဝယ်ဖောက်ကားစားသုံးလျက် ရှိကြပါသည်။
ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ငရုတ်သီးကို မိုး၊ ဆောင်း စိုက်ပျိုးလျက်ရှိပြီး လွိုင်ကော်မြို့နယ် ပန်ကန်း၊ ရွာတန်းရှည်၊ ကုန်းသာတို့တွင် အဓိက စိုက်ပျိုးလျက်ရှိရာ လက်ရှိဇွန်လအတွင်း ငရုတ်သီးခြောက်တောင့်ရှည် တစ်ပိဿာလျှင် (၈၀၀၀)ကျပ် နှင့် ကုလားအော်သီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလတွင် ငရုတ်သီးတောင့်ရှည် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကုလားအော်သီး တစ်ပိဿာလျှင် (၁၈၅၀၀)ကျပ်ရှိခဲ့ပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် ငရုတ်
လွိုင်ကော်မြို့အတွင်း ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်အသက်ဝင်လာပြီး အိမ်ဆောက်ပစ္စည်း ဘိလပ်မြေများ ပြည်နယ်အတွင်းသို့ တင်သွင်းလျက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းအရသိရှိရပါတယ်။ ဇွန်လ (၂၀) ရက်နေ့ ကုန်စည်စီးဝင်မှုမှာ ဘိလပ်မြေကား (၂) စီး၊ ကုန်စုံကား (၇) စီး၊ ဆား (၃၉၃) အိတ်၊ ကြက်ဥကား (၂) စီး၊ ဘီယာကား (၁) စီး၊ မြေဆီကား (၁) စီး၊ မြေဩဇာကား (၁) စီးတို့ စီးဝင်လျက်ရှိပါကြောင်း၊ ဇွန်လ (၁၃) ရက်နေ့ ကုန်ပစ္စည်းအဝင်ကားများအနေဖြင့် ကုန်စုံကား (၈) စီး၊ ကြက်ဥ (၁၅၀) ကဒ်၊ အချိုရည်ကား (၂)
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်စုစုမွန်(ဒု-ဦးစီးမှူး)နှင့် ဦးလင်းကိုကိုဖြိုး(ရုံးအကူ)တို့သည် (၁၅.၆.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးရေးဖြစ်သည့် မိမိဒေသရှိ စားဖိုးဆောင်သီးနှံများ၏ ဈေးနှုန်းများ သိရှိနိုင်ရန်အတွက် မကွေးမြို့၊ ရန်ပယ်စျေး၌ ကွင်းဆင်း၍ ကုန်ဈေးနှုန်းစာရင်းများကောက်ယူခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့ စိုက်ပျိုးဖြစ်ထွန်းသော်လည်း စားဖိုဆောင်သီးနှံများ သစ်သီးဝလံများကိုမူ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်း၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းနှင့် မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊ တပ်ကုန်းတို့မှ မှာယူရောင်းချလျက်ရှိပါသည်။