ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင် ဆောင်ရွက်သောဒေသဖြစ်ရာ စပါးကိုအများဆုံးစိုက်ပျိုးကြပါသည်။ မိုးစပါး၊နွေစပါးအဖြစ် နှစ်ရာသီလုံး စိုက်ပျိုးကြပြီး ၂၀၂၁ - ၂၀၂၂ခုနှစ်အတွက် နွေစပါး လျာထားဧက(၄၃၅၀၂)ဧက လျာထားခဲ့ပြီး (၄၆၇၇၇)ဧကစိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည် ။ နွေစပါးများကို မတ်လကုန် ဧပြီလဆန်းပိုင်းမှ စတင်စိုက်ပျိုးကြပြီး ယခုဇွန်လဆန်းတွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ နွေစပ
သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများဖြစ်ကြသော စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းနှင့်် မကွေးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်လျှက်ရှိရာ ယခင်နှစ်ကထက် ယခုကာလ၌ သနပ်ခါးဈေးကွက်ဈေးကောင်းရရှိနေကြောင်းသိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ သနပ်ခါးစိုက်ပျိုးထွက်ရှိရာဒေသများအနက် “သနပ်ခါးမြို့တော်” ဟုတင်စား ခေါ်ကြသော အရာတော်မြို့၌ သနပ်ခါးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် လာကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇွန်လ စတုတ္တပတ်တွင် ဖြစ်ပေါ် နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၄၅၀၀၀၊ ပဲတီစိမ်း(သေး)တစ်တင်းကျပ်၃၆၀၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၃၇၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၅၀၀၀-၅၀၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၄၆၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၄၇၈၀၀၊ ကုလားပဲ V2(သစ်) တစ်တင်းကျပ် ၅၁၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၅၁၅၀၀ ဈေးနှုန်းများဖြင့်
ယခုလအတွင်း မုံရွာဈေးကွက်၌ အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းများ နေ့စဥ်နှင့်အမျှ မြင့်တက်လာသလို စာဖိုဆောင်သီးနှံဖြစ်သည့်ကြက်သွန်နီဈေးမှာလည်း တရိပ်ရိပ်နှင့် မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ မေလကုန်ဇွန်လဆန်းပိုင်မှစ၍ ကြက်သွန်နီက တရိပ်ရိပ်မြင့်တက်ခဲ့ပြီး ကုန်သည်များမှ နယ်အထိဆင်းပြီဝယ်ယူမှုများရှိနေကြောင်း၊ ဇွန်လဆန်းက နယ်ဈေးတစ်ပိဿာ (၁၀၀၀) ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့သော်လည်း တောင်သူများကုန်လက်ကျန်အခြေအနေနှင့် သိုလှောင်ကာလကလည်း ကျန်ရှိနေသေးသည့်အပေါ် အနည်းင
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း သိသိသာသာဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီပွဲရုံလက်ကားဈေး တစ်ပိဿာလျှင်(ကြီး/လတ်/သေး)ကျပ် ၈၀၀-၁၀၀၀-၁၂၀၀နှုန်းတို့ရှိပြီး လက်လီဈေးမှာ ကြီး/လတ်/သေး တစ်ပိဿာလျှင် ကျပ် ၁၀၀၀-၁၂၀၀-၁၆၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ