ကုန်သွယ်မှုသတင်းများ
ယခုဇွန်လ တတိယပတ်တွင်း မြေပဲဆန် အဝင်မရှိဘဲ ဈေးကွက်လက်ကျန်များဖြင့်သာ ဆီစက်သမားများက အဝယ်ရှိသဖြင့် ဇွန်လ တတိယပတ်တွင် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ မြို့တွင်းဆီစက်သမားများက ဆီကြိတ်ရန် ဝယ်လိုအားများသဖြင့် ဈေးကွက်တွင် မြေပဲဆန်လက်ကျန် မရှိသလောက်နည်းသွား၍ မကွေးနှင့် မြင်းခြံဘက်သို့ သွားရောက်၍ ဝယ်ယူကြိတ်ခွဲနေကြောင်းသိရပါသည်။ မိုးမြေပဲများစိုက်ပျိုးရန် အချိန်ရောက်ရှိနေသဖြင့် ဈေးကွက်သို့ ပဲဆန်ဝင်ရောက်မှုမရှိသဖြင့် ဈေးမြင့်တက်လာကြောင်း သိရပါသည်။ ဇွန်လတတိယပတ်တွင် မြေပဲဆန်ဈေးမျ
ပြည်ဈေးကွက်၌ ဇွန်လတတိယပတ်တွင် နှမ်းဈေးများမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ အောင်လံနှင့် မန္တလေးဝယ်လက်များက အဝယ်ပြန်ရှိလာသဖြင့် ဈေးမြင့်တက်လာသည်ကို တွေ့ရပါသည်။ နှမ်းကိုနေ့စဉ်အရောင်းအဝယ်မဖြစ်ပေမယ့် ရက်ခြားသာအရောင်းအဝယ်ဖြစ်သဖြင့် တခါတရံ အရောင်းအဝယ်ဖြစ်လျှင် အိတ် ၁၅၀ခန့် အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ မိုးနှမ်းများ စိုက်ပျိုးရန် တောင်သူများ မျိုးရွေးချယ်နေချိန်ဖြစ်သဖြင့် မျိုးအတွက်နှမ်းများ အဝယ်လိုက်နေသဖြင့် မျိုးနှမ်းများလည်းဈေးမြင့်တက်လာသည်ဟု သိရပါသည်။ ပြည်မြို့အနီး
ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဇွန်လဆန်းပိုင်းမှစ၍ ပဲဈေးနှုန်းအားလုံးလိုလို ဈေးမြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ မတ်ပဲသီးနှံမှာ ပဲအဝင်သိပ်မရှိသော်လည်း လက်ကျန်လှောင် ပဲများရှိတာကြောင့် ဝယ်လိုအားရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲဈေးမှာ ပိဿာ ၂၀ တစ်တင်း ၅၀၅၀၀ကျပ်ဖြင့် ယခင်အပတ်ကထက် ဈေးပိုရလာခဲ့သလို ယခင်နှစ်က ဈေးထက်လည်း ဈေးပိုရလျှက်ရှိခဲ့ပါသည်။ ယခင်နှစ်က ဇွန်လတွင် မတ်ပဲဈေးမှာ တစ်တင်း ၃၄၅၀၀ကျပ် သာရရှိခဲ့၍ ယခုနှစ်မတ်ပဲဈေးသည် ဈေးအမြင့်တွင် ဆက်လက်ရပ်တည်နေခဲ့သောကြောင့်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယခုဇွန်လပထမပတ်မှစ၍ မိုးစပါးသဏ္ဍာန်ကျဲခင်းများ စတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ ထိုသို့မိုးစပါးသဏ္ဍာန်ကျဲခင်းစိုက်ခင်းစိုက်ပျိုးနေသော သဲကုန်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းကျေးရွာသို့ (၈.၆.၂၀၂၂)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သဲကုန်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့်ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပြည်ပဲဈေးကွက်တွင် ပဲမျိုးစုံသီးနှံများထဲမှ ပြည်ပဝယ်လိုအားရှိသောပဲများ ဈေးနှုန်းမြင့် တက်လာသလို ပြည်တွင်းလက်လီ အရောင်းအဝယ်ဖြစ်တဲ့ ပဲများလည်း ဈေးကောင်းရလျှက် ရှိနေခဲ့ကြောင်းသိရှိရပါသည်။ ပဲနီပြားနှင့် စားတော်ပဲသီးနှံမှာ လက်လီပဲဈေးကွက်တွင် ဈေးကောင်းရနေ တာကြောင့် ပဲနီပြားတစ်တင်း ၅၁၀၀၀ကျပ်၊ စားတော်ပဲတစ်တင်း ၉၀၀၀၀ကျပ် တို့ဖြင့် အသီးသီး ရောင်းဝယ်နေခဲ့ကြပါသည်။ လက်လီသာ အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်အိတ် ၂၀/၃၀ ခန့် စားတော်ပဲသီးနှံရောင်းဝယ်မှုဖြစ်သလို ၊ ပဲနီပြားသီးနှံကတော့