ကုန်သွယ်မှုသတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ (၈) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင် မှ နဂါးမောက်သီး(အနီ) တစ်ဖာ အလုံးကြီး ၁၈ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၈၀၀၀၊ ပုပ္ပါးမှ နဂါးမောက်သီး(အဖြူ) တစ်ဖာ အလုံးကြီး ၁၈ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၁၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၉၀၀၀၊ ရေးမှ ဒူးရင်းသီး အလုံးကြီးတစ်လုံး ကျပ် ၇၀၀၀ မှ ၆၀၀၀၊ အလုံးလတ် ကျပ် ၅၀၀
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ တတိယပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၈၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၉၁၀၀၀၊ တန်အားဖြင့် ၄၅၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အနေဖြင့် နှမ်းသီးနှံကို မိုးနှမ်းနှင့်နွေနှမ်းဟူ၍ ယာမြေနှင့်လယ်မြေတို့တွင် ရေသွင်း၍ စိုက်ပျိုးလေ့ရှိကြပါသည်။ ၂၀၂၁ခုနှစ် -၂၀၂၂ခုနှစ်တွင် စလင်းမြို့နယ်အနေဖြင့် နှမ်းစိုက်ဧက (၂၁၇၅၃)ဧက စိုက်ပျိုးပြီး အထွက်နှုန်းအားဖြင့် (၁)ဧကလျှင် ပျမ်းမျှ(၈)တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ဇွန်လ(တတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်နှင့်မုံရွာခရိုင်တို့တွင် ဈေးအနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၆.၂၀၂၂) နေ့ နံနက်ပိုင်း(၁၀၃၀) အချိန်တွင် ညောင်တုန်းမြို့နယ် (၄)ရပ်ကွက်ရှိ ရွှေပြည်စိုး ဆန်ပွဲရုံသို့ သွားရောက်၍ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။