ကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် သစ်တောထွက် သယံဇာတ တစ်ခုဖြစ်သော သဘာဝပျားရည်စစ်စစ်ထွက်ရှိရာ မြို့တစ်မြို့ဖြစ်ပါသည်။ သဘာဝပျားရည်သည် စားသုံးရာတွင် အရသာရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် ကိုယ်အလေးချိန်လျှော့ချခြင်း၊ အမြင်အာရုံအားနည်းသူများအတွက် တိုးတက်ကောင်းမွန်စေခြင်း၊ အအေးမိချောင်းဆိုးရောဂါများကို သက်သာစေခြင်းနှင့် အစာကြေလွယ်၍အိပ်ပျော်စေခြင်းစသည့် ကျန်းမားရေးကောင်းကျိုးများကို ရရှိစေပါသည်။ သဘာဝပျားရည်သည် ကျိုင်းတုံမြို့ရှိ တောင်ပေါ်ငါးအ
ယခုတစ်ပတ်အတွင်း ကသာမြို့တွင် ရောင်းချလျက်ရှိသော ကြက်သွန်ဖြူဈေးနှုန်းမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ကြက်သွန်ဖြူဝင်ရောက်မှုအနေဖြင့် မန္တလေး-မုံရွာဘက်မှ တစ်ပတ်လျှင် ပိဿာ(၂၀)ပါ အိတ်(၂၀၀)ခန့် ဝင်ရောက်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် လက်ကားတစ်ပိဿာလျှင် အကြီး(၃၅၀၀)ကျပ်၊ အလတ်(၃၀၀၀)ကျပ်နှင့် အသေး (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လက်လီတစ်ပိဿာဈေးနှုန်းအနေဖြင့် အကြီး(၄၀၀၀)ကျပ်၊ အလတ်(၃၅၀၀)ကျပ်နှင့် အသေး (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၆၇.jpg?itok=FGb8eB61)
ကလေးဝမြို့နယ်တွင် ဆီထွက်သီးနှံများအနေဖြင့် ဒေသတွင်းထွက်ရှိသည့်မြေပဲနှင့် နေကြာ တို့ကိုသာကြိတ်ခွဲနေရပြီး မြေပဲဆံနှင့်နေကြာဆံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ သီးနှံများ ပေါ်စအချိန်ကပင် မြေပဲဆံ ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၄၃၀၀၀ - ၄၅၀၀၀ )ကျပ်၊ နေကြာဆံ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၀၀၀၀ မှ ၂၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိခဲ့ပြီး ယခုလက်ရှိတွင် မြေပဲဆံ ( ၁၆ ) ပြည် တစ်တင်းလျှင် ( ၅၄၀၀၀ - ၅၆၀၀၀ ) ကျပ်၊ နေကြာဆံ ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၂၄၀၀၀ မှ ၂၅၀၀၀ ) ကျပ် ခန်
ကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ အမှတ် ( ၁ ) ရပ်ကွက်ရှိ ဦးအောင်သန်းဦးနေအိမ်အတွင်း လစ်လပ်နေသော မြေနေရာများတွင် တစ်ပိုင်တစ်နိုင်စိုက်ခင်းအဖြစ် ဘရာဇီးငှက်ပျောပင်များ စိုက်ပျိုးထားကြောင်းသိရှိရပါသည်။ ယခင်နှစ်များက ငှက်ပျောပင်ပေါက်များကို မန္တလေးမှ မှာယူရပြီး တစ်ပင်လျှင် ( ၁၀၀၀ ) ကျပ်ပေးရပါကြောင်း၊ စိုက်ပျိုးရာတွင် ( ၁ ) ပေပတ်လည်ကျင်းတူး၍ ( ၇ ) ပေ ပတ်လည်ကြား စိုက်ပျိုးရပါကြောင်း၊ ပထမဦးစွာ မြေအောင်းပိုးသတ်ဆေး၊ အမြစ်ပွား ဆေးရည်များထည့်ပြီးနောက် ကြက်ချေး ( ၁ ) ဆနှင့် ဖွဲ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ဘရာဇီးငှက်ပျော.jpg?itok=I5vVWaNo)
ကလေးမြို့နယ်အတွင်းတွင် တောင်သူများ အပိုဝင်ငွေရရှိရန်အတွက် ဒေသတွင်းစားသုံးရန် ခရမ်းချဉ်သီးများကို လှိုင်သာယာရပ်ကွက်၊ မြို့သာရပ်ကွက်၊ ဖောင်ကူးနှင့် သာစည်ကျေးရွာ နယ်တစ်ဝိုက်တွင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးစတင်ပေါ်စတွင် မုံရွာ၊ မန္တလေးမြို့မှလာသည့် အသီးများကို ဝယ်ယူစားသုံးရပြီး ဒေသတွင်းထွက်ရှိပါက ဒေသထွက် ခရမ်းချဉ်သီးကို ဝယ်ယူစားသုံးကြပါသည်။ ဒေသတွင်းမှ ထွက်ရှိသော ခရမ်းချဉ်သီးများကို တမူးမြို့၊ ကလေးဝမြို့၊ အထက် ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်မြို့များသို့ သေတ္တာမျာ