စက်သုံးဆီစျေးနှုန်း ယခင်အပတ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ်ကျဆင်း

Powered by Drupal

   စက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဥ်ဆီရောင်းချမှု၊ ဆီဘောင်ကားရောက်ရှိမှု အခြေ အနေများကို သက်ဆိုင်ရာဌာနများမှ ကြပ်မတ်စိစစ်ဆောင်ရွက်လျက် ရှိပါသည်။

     ထားဝယ်မြို့နယ်တွင် စက်သုံးဆီဆိုင် ၁၀ ဆိုင်ရှိပြီ ပုံမှန်ဖွင့်လှစ်‌ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လပထမပတ်အတွင်း 92 တစ်လီတာ ၂,၉၉၀၊ 95 တစ်လီတာ ၃,၀၄၅ ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာ ၂,၅၄၀ ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာ ၃,၁၀၅ ကျပ်ဖြစ်ပြီး ယခင်ပတ်နှင့် နှိုင်းယှဥ်ပါက စျေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပြီး စက်သုံးဆီများ ဆီပြတ်လပ်မှု မရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ကြီးကြပ်လျက်ရှိပါသည်။

DOCA (တနင်္သာရီ)