ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကန်ဇွန်းဥ၊ ၊ ဂေါ်ရခါးသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ပန်းမုံလာ၊ မုံလာထုတ်၊ မုံညှင်းထုတ်၊ ပန်းငရုတ် ပွသီး နှင့် ငရုပ်သီးစိမ်း စသည်တို့ကို ဒေသတွင်းထွက်ရှိသည့် သီးနှံများကို ဒေသထွက် များရောင်းချပြီး ဒေသတွင်းမရှိသည့် သီးနှံများကိုမူ  မန္တလေးမြို့နှင့် ရှမ်းပြည် နယ်တို့မှ ဝယ်ယူရောင်း ချကြောင်း သိရပါ သည်။

၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေ သော  ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်ဖြစ် နေ ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

Doca(စစ်ကိုင်း)