
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရုံးပတီသီးကို ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီတော စသည့်ကျေးရွာများ၌ စိုက်ပျိုးရောင်းချကြသလို မင်းဘူးမြို့၊ သရက်မြို့နှင့် မကွေးမြို့တို့မှလည်း မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ရုံးပတီသီး(၁၀)တောင့်လျှင် ကျပ်(၂၅၀)ဖြင့် ရောင်းချ လျက်ရှိပြီး ယခင်မေလ(ပထမပတ်)တွင် ကျပ်(၄၀၀)ဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါ ယခုတစ်ပတ်တွင် ကျပ်(၁၅၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ရုံးပတီသီးမှာ ရာသီမရွေး ရေရှိသမျှကာလပတ်လုံး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသော သီးနှံဖြစ် သော်လည်း ယခုမိုးဦးကျကာလတွင် ရုံးပတီသီးစိုက်ပျိုးသည့် ကျေးရွာများ၌ လှိုင်လှိုင်ထွက်ရှိနေ၍ ဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)