ကုန်သွယ်မှုသတင်းများ
ဈေးကွက်အတွင်း ကြက်သားနှင့် ကြက်ဉဈေးနှုန်းများ ကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ် အတွင်း အသားတိုးကြက်နှင့် ဉစားကြက်မွေးမြူလျက်ရှိကြောင်း သိရှိရပါသည်။ ထိုသို့ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်အနက် အသားတိုး ကြက်မွေးမြူရေး လုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သဖြင့် ဉစားကြက်မွေးမြူရေးလုပ်ငန်းထက် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းကို ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လာကြောင်းသိရှိရပါသည်။ မွေးမြူသူများအနေဖြင့်လည်း အသားတိုးကြက
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့နယ်ရှိ ဒေသထွက်ကုန် ရှောက်သီးမှ ထုတ်လုပ်သည့် ရှောက်ပျားရည်နှင့် ရှောက်သီးဆေးပြားသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဒေသထွက် အိမ်ပြန်လက်ဆောင်အနေဖြင့် ဈေးကွက်အတွင်း တဖြေးဖြေးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ရှောက်ပျားရည်ထုတ်လုပ်ရန် ကုန်ကြမ်းဖြစ်သော ရှောက်သီးကို ကပ်လျက်မြို့ဖြစ်သော ရွှေကျင်ရှောက်ခြံများမှ အဓိကဝယ်ယူပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီလင်းမြို့တို့ရှိ ရှောက်ခြံများမှလည်း ကုန်ကြမ်းလိုအပ်ရင် လိုအပ်သလောက် ဝယ်ယူရပြီး ရှောက်သီး
ယခုအခါတွင် တောင်ငူမြို့ အရှေ့ဘက် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှ ဒူးရင်းသီးများ လှိုင်လှိုင်ပေါ်သော ကာလဖြစ်သဖြင့် တောင်ငူမြို့၌ ဒူးရင်းသီးများ အရောင်းအဝယ်ကောင်းလျှက်ရှိပါသည်။ တောင်ငူမြို့တွင် ဒူးရင်းသီးကို ရာသီပေါ်သီးနှံအဖြစ် ဒေသတွင်း စားသုံးသည်သာမကဘဲ ရပ်ဝေးဒေသမှ ဆွေမျိုးမိတ်ဆွေသင်္ဂဟများအား ဒေသထွက်လက်ဆောင်အဖြစ် ပေးကြပါသေးသည်။ တောင်ငူမြို့မှ ထွက်သောကားတိုင်းလိုလို ဒူးရင်းသီးအနံ့မွှေးနေသလို တောင်ငူမြို့ကို ဖြတ်သန်းသွားလာကြသည့် အိမ်စီးမော်တော်ယာဉ်များလည်း
တောင်ငူခရိုင်၊ ဖြူးမြို့တွင် တပိုင်တနိုင် စံပယ်ပန်းစိုက်ပျိုးသူများ များပြားလာလျှက်ရှိပါသည်။ စံပယ်ပန်းတွင် ရန်ကုန်စံပယ်၊ ပဲခူးစံပယ်၊ ကြက်ရုံးစံပယ်နှင့် စံပယ်ကြီးဟူ၍ အမျိုးအစား ကွဲပြားလျှက်ရှိပါသည်။ ယင်းတို့ထဲမှ ရန်ကုန်စံပယ်သည် ပြုစုမှုကောင်းလျှင် ကောင်းသလို ရာသီမရွေးပွင့်သော စံပယ်အမျိုးအစားဖြစ်ပါသည်။ ကျန်စံပယ်များဖြစ်သော ပဲခူးစံပယ်၊ ကြက်ရုံးစံပယ်နှင့် စံပယ်ကြီးအမျိုးအစားများမှာ ရာသီချိန်ဖြစ်သော ဧပြီလမှ ဇွန်လအတွင်းသာ မြိုင်မြိုင်ပွင့်ပြီး ကျန်ရာသီများတွင် စီ
ပြည်ဈေးကွက်တွင် မြေပဲဆန်များ ယခုဇွန်လဆန်းပိုင်းတွင် ဈေးပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ဝယ်လိုအားကောင်းပြီး ရောင်းလိုအားပါကောင်းသဖြင့် ပြည်ဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆန်ကို ကံမ၊ မင်းတုန်းနှင့် ပြည်-အောင်လံကြားရှိ ကျေးရွာများမှ နေ့စဉ်အိတ် ၇၀၀/၈၀၀ခန့် အဝင်ရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ လုံးဆန်ကို မြဝတီသို့တင်ပို့ရန်အဝယ်ရှိသလို ဆီဆန်ကို မြို့တွင်းရှိဆီစက်များနှင့် နယ်ရှိ ဆီစက်များက အဝယ်ရှိသဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ