ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်တွင် ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ဆောင်ပြောင်း၊ ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ဂျင်းကို ဟင်းခတ်အမွေးအကြိုင်အဖြစ်ရိုးရာ အစားအစာများ၊ ဟင်းလျာများတွင် အသုံးများသဖြင့် ပြည်နယ်တွင်း စားသုံးမှုများကြောင်း၊ ယခုဇူလိုင်လ ပထမပတ်တွင် ဈေးကွက်အတွင်း ဒေသထွက် ဂျင်းတစ်ပိဿာလျှင် (၂၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ဇွန်လပထမပတ်တွင် ဒေသထွက် ဂျင်းတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့်သာရှိခဲ့ပြီး ယခင်ဇွန်လပထမပတ်နှင့် ယခုဇူလိုင်လပထမပတ် နှိုင်း
ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင်သီးနှံကို ပြည်နယ်တွင်းစိုက်ပျိုးမှု လျော့နည်းသဖြင့် စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့်မိထ္ထီလာမှ အများဆုံး တင်သွင်းရပြီး ဇွန်လတွင် ပြည်နယ်အတွင်း ကြက်သွန်နီဝင်ရောက်မှုမှာ (၂၄၂၀)အိတ် ( ၇၂၆၀၀ ) ပိဿာရှိခဲ့ပြီး ယခုလက်ရှိ ဇူလိုင်ပထမပတ်တွင် ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီ ဈေးနှုန်းမှာ အလုံးကြီးတစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဇွန်လပထမပတ်တွင် ကြက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်း များသည် ပန်းတိမ်ငိုပန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေအား သိရှိနိုင်ရန် တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာသို့ (၃၀.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။
ဧရာ၀တီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေတစ်လျှောက် အောင်မြင်ဖြစ်ထွန်း လျှက်ရှိသော အပင်အများစုမှာ အုန်းပင်ဖြစ်ပြီး ရေငံပိုင်းနှင့် ရေငံစပ်ဒေသတွင် အုန်းပင်ဖြစ်ထွန်း မှု အားကောင်း၍ ရေချိုပိုင်းတွင် ရေငံပိုင်းလောက် အောင်မြင်ဖြစ်ထွန်းမှု နည်းပါးကြောင်း ပင်လယ်နှင့် နီးကပ်လျှက်ရှိသော ချောင်းသာ၊ ငွေဆောင်မှ မော်တင်စွန်း ကမ်းခြေအပြင် ရေငံပိုင်းဒေသ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် ဆက်စပ်နေသော ကျေးရွာများ သည်လည်း အုန်းသီးအဓိက ထွက်ရှိရာ ဒေသများဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ် ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းလျှင် ကျပ်၄၆၅၀၀၊ ပဲတီစိမ်း(သေး) တစ်တင်းလျှင် ကျပ် ၃၆၀၀၀၊ ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ် ၄၄၇၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၅၄၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၇၅၀၀၊ ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၄၈၇၀၀၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် ၅၁