ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီးအတွင်း သရက်သီးမှည့်များလှိုင်လှိုင်ပေါ်လာပြီဖြစ်ပြီး ရောင်းလိုအား ဝယ်လိုအား လိုက်နေကြောင်း ပဲခူးမြို့နယ်မှ သရက်သီးမှည့်ရောင်းဝယ်သူထံမှသိရပါသည်။ ယခုနှစ် သစ်သီးဝလံ ဈေးကွက်တွင် သရက်သီးမှည့်များဝင်ရောက်မှုပေါများပြီး ဈေးနှုန်းမှာလည်း ယခင်နှစ်နဲ့မတူပဲ ဈေးသက်သာလာသည်ကို တွေ့ရပါသည်။ မိုးလည်းရွာသွန်းနေပြီမို့ သရက်သီးမှည့်များသည် ချိုလဲချို အရောင်အသွေးမှာလဲ ကောင်းပြီး ဈေးနှုန်းသက်သာလာသောကြောင့် ဒေသတွင်းရော / နယ် တင်ပို့မှုပါ အရောင်းအဝယ် သွက်လျက်ရှိနေပါ
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်တွင် ရုံးပတီစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိနေကြပြီး ဖြစ်ပါသည်။ ရုံးပတီစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်နှင့် အချိန်ကုန် သက်သာပါသည်။ မျိုးစေ့ချ၍ စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ (၃၀) ရက်ခန့်တွင် ခူးဆွတ်ရောင်းချနိုင်ပါသည်။ စိုက်ခင်းကို ထွန်ယက်၍ မျိုးစေ့ချရန် ကျင်းတူးပြီး တစ်ကျင်းလျှင် အစေ့ ၃စေ့ ၄စေ့ခန့် ထည့်၍ စိုက်ပျိုးကြပါသည်။ အပင်ကောင်း၍ ကြီးထွားပါက တစ်ပင်လျှင် (၁၀-၁၅)ခန့် ခူးဆွတ်ရရှိနိုင်ပါသည်။ မြေကွက
သာယာဝတီခရိုင် ၊ မိုးညို မြို့နယ်တွင် ဆောင်းသီးနှံ ပဲယင်းစိုက်ဧက (၁၂၆၅) ဧကခန့် စိုက်ပျိုး လျက်ရှိပါသည်။ သာယာဝတီခရိုင်တွင် ပဲယင်းစိုက်ပျိုးမှုအနေဖြင့် အခြားမြို့နယ်များတွင် စိုက်ပျိုးခြင်းမရှိဘဲ မိုးညိုမြို့နယ် တစ်မြို့နယ်တွင်သာ စိုက်ပျိုးထားရှိပါသည်။ ယခင်နှစ် ပဲယင်းတစ်တင်းပေါက်စျေးနှုန်း (၂၀)ပိဿာလျှင် (၄၅၀၀၀) ကျပ်ဝန်းကျင်ခန့်သာ ရှိခဲ့ပြီး ယခုနှစ်တွင် ပဲယင်းတစ်တင်း (၂၀)ပိဿာလျှင် (၅၈၀၀၀)ကျပ်ခန့်ရှိပါသည်။ ပဲယင်းတစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၃)သိန်းဝန်းကျင်ခန့် ကုန်
၂၀၂၂ ခုနှစ် ၊ နှစ်ဆန်းပိုင်းကာလတွင် သာယာဝတီခရိုင် စျေးကွက်အတွင်းသို့ ကြက်သွန်နီအသစ်များ ပြည်ဘက်မှ မြို့နယ်များသို့ စတင်ဝင်ရောက်လာကာ တစ်ခရိုင်လုံးအနေဖြင့် ပိဿာချိန် (၂၀၀၀)ခန့်ထိ ဝင်ရောက်နေပြီး စျေးနှုန်းများမှာ ကြီး/သေး လက်လီတစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ခန့်ထိ ရှိပါသည်။ ယခုအချိန် မဟာသင်္ကြန်ကာလအပြီး မိုးတွင်းကာလ စားသုံးရန်အတွက် သိုလှောင်ချိန် ရောက်ရှိလာသော်လည်း ကြက်သွန်နီစျေးနှုန်းများမှာ ကြီး/သေး တစ်ပိဿာလျှင် (၈၀၀/၁၀၀၀/၁၂၀၀) ကျပ်ခန့်ရှိိသောကြောင့် ထူးထူ
ပြည်ခရိုင်၊ ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်သီးနှံများ၏ ဈေးနှုန်းများကို ယခင်လဈေးနှင့် ယခုလဈေးနှုန်းများကို နှိုင်းယှဉ် လေ့လာသိရှိရပါသည်။
မတ်ပဲ