ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဧပြီလဆန်းပိုင်းတွင် စပါးဆန်ဈေးများငြိမ်နေပြီး ဧပြီလနောက်ဆုံးပတ်တွင် စပါးဈေးဆန်ဈေးများ အနည်းငယ် မြင့်တက်လာခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် စားအုန်းဆီဈေးများ ဆက်လက် မြင့်တက်လာခဲ့ပါသည်။ ယခင်သင်္ကြန်မတိုင်မှီကာလက စားအုန်းဆီတစ်ပိဿာလျှင် ၅၉၀၀-၆၁၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်ကျော်ကာလတွင် တစ်ပိဿာလျှင် ၆၀၀၀-၆၁၀၀ ကျပ်မှ ၆၅၀၀-၆၈၀၀ ကျပ်ထိ ဈေးပြန်မြင့်လာပြီး ယခုဧပြီလနောက်ဆုံးပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀-၇၂၀၀ကျပ်ထိ ဈေးဆက်လက်မြင့်တက်လာခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်တွင် ဧပြီလပထမပတ် မတ်ပဲတစ်တင်းလျှင် ၄၇၅၀၀၊ ၄၈၀၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ရန်ကုန်အဝယ်နှင့် လှောင်သမားများ အဝယ်ရှိသဖြင့် တစ်ရက်လျှင် အိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။ ဒုတိယပတ်တွင် ပဲတစ်တင်းကို ၄၈၀၀၀- ၄၈၇၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ကောင်းလျှက်ရှိပြီး တစ်ရက်လျှင် အိတ်၄၀၀/၄၅၀ ခန့် ရန်ကုန် ဝယ်လက်အဝယ်ရှိပါသည်။ သင်္ကြန်ပြီးစကာလတွင် ပဲတစ်တင်းကို ၄၈၀၀၀၊ ၄၈၅၀၀၊ ၄၈၇၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်အနည်းငယ်သာရှိပြီး တစ်ရက်အိတ် ၁၀၀/၂၀၀ ခန
ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်တွင် နွေစပါးစိုက်ပျိုးနေမှု ၊ တစ်ဧက ကုန်ကျစရိတ်များနှင့်ပတ်သက်၍ အင်းရွာအုပ်စု ကျေးရွာသို့ သွားရောက်၍ နွေစပါးစိုက်ပျိုးသည့် တောင်သူများနှင့် (၂၂.၄.၂၀၂၂) ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။
မုံညင်းဆီတင်သွင်းမှုအပေါ် အကောက်ခွန်လျှော့ချပေးရန်တောင်းဆို