ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Apr 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သော ဝန်ထမ်းများနှင့်အဖွဲ့သည် ဝါလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ရည်ရွယ်၍ ဧပြီလ (၂၁)ရက်၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်နှင့် စက်မှုဇုန်ရှိ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

28 Apr 2022

          ပိုးစာသီးဆိုတာ ပိုးစာပင်ကရတဲ့အသီးဖြစ်ပြီး ပိုးစာပင်ကခုလူတွေဝတ်နေတဲ့ ပိုးထည်တွေ ထုတ်ပေးတဲ့ ပိုးကောင်လေးတွေရဲ့ အစာပင်မို့ ပိုးစာပင်လို့ခေါ်ပါတယ်။ ပိုးစာသီးကို လူတွေစားလို့ ရသလို၊ ဝိုင်တွေလည်းပြုလုပ်လို့ရပါတယ်။ ပိုးစာသီးသည် ပိုးကောင်များကိုလည်း မွေးမြူနိုင်ပြီး အသီးလည်းခူးဆွတ်နိုင်သည်။ ပိုးစာသစ်ကိုင်းသည် စားသုံးနိုင်သည့် မှိုများကို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးမှု နည်းပညာမှာလည်း ရိုးရှင်းလွယ်ကူကြောင်းသိရှိရပါသည်။ ပိုးစာသီးကို မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုး

27 Apr 2022

             ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်နှင့်  မိုင်းယုဒေသရှိ တရုတ်-မြန်မာကုန်သွယ်မှုများပြုလုပ်သည့် ကျိန်းရဲတံတားကို (၁၉.၇.၂၀၂၁) ရက် နေ့မှစတင်၍ ပိတ်ထားခဲ့သည်မှာ တစ်နှစ်နီးပါးခန့်ရှိခဲ့ပါပြီ။ သို့ဖြစ်ပါ၍ ဒေသထွက်ရွှေဖရုံသီးများ ဆွတ်ခူးရောင်းချချိန်တွင် နယ်စပ်ကုန်သွယ်မှုများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် တရုတ်ဈေးကွက်ကို အဓိကအားထားနေရသော ရွှေဖရုံစိုက်တောင်သူများ အခက်တွေ့နေကြောင်း သိရှိရပါ သည်။

27 Apr 2022

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် သံပုရာစိုက်ပျိုးသူများရှိပါသည်။ သံပုရာကို တချို့မှာ အိမ်ခြံဝိုင်းထဲတွင် စိုက်ပျိုးသလို ဉယျာဉ်ခြံများတွင်လည်းစိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အနေဖြင့် သံပုရာစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်တွေ့ဆုံရန် ပြည်မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကုန်းဇင်းအုပ်စု၊ ဇီးတောကျေးရွာသို့သွားရောက်ခဲ့ပါသည်။

27 Apr 2022

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ ပါဝင်သော စိမ်းရောင်စိုကုန်စိမ်း အစုအဖွဲ့ကိုဖွဲ့စည်းပြီး စိုက်ပျိုးထုတ်လုပ် ရောင်းချလျှက်ရှိပါသည်။ သဲကုန်းမြို့နယ်မှ ထွက်ရှိသောဟင်းသီးဟင်းရွက်များကို ရန်ကုန်မြို့ရှိ ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ နေ့စဉ် သယ်ယူပို့ဆောင်ရောင်းချလျှက်ရှိရာ သင်္ကြန်အခါကာလနှစ်ကူးချိန်၍ မြန်မာလူမျိုးများအနေဖြင့် ဥပုဒ်သီတင်းစောင့်ကြသလို အချို့မှာ အိမ်တွင် အနားယူနေကြသောကြောင့် လုပ်ငန်းမျာ

Pages