ကုန်သွယ်မှုသတင်းများ
ငှက်ပျောသီးကို မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့ကျင်းပကြသည့် အလှူမင်္ဂလာပွဲများ ဘာသာရေးပွဲများနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာပွဲများတွင် မပါမဖြစ်အသုံးပြုကြပါသည်။ငှက်ပျောသီးသည် ကျန်းမာရေးနှင့် ညီညွတ်ပြီးအဟာရပြည့်ဝသည့်အတွက် မြန်မာလူမျိုးများနှစ်ခြိုက်စွာ စားသုံးလေ့ရှိသော အသီးအနှံတစ်မျိုးလည်းဖြစ်သည်။ငှက်ပျောကို အိမ်ခြံစည်းရိုးများနှင့် လယ်ကန်သင်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသကဲ့သို့ စီးပွားဖြစ်စိုက်ခင်းအဖြစ်လည်း စိုက်ပျိုးလေ့ရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယဆီအိုးကြီးဟု တင်စားရအောင် ဆီထွက် သီးနှံစိုက်ပျိုးဖြစ်ထွန်းရာ နယ်မြေတစ်ခုဖြစ်သည်နှင့်အညီ ယခုရာသီတွင်နှမ်း၊မြေပဲတို့နှင့် အတူ နေကြာများထွက်ရှိသည်နှင့်အမျှ ကျေးလက်ဒေသရှိရွာများတွင် တစ်နိုင်တစ်ပိုင် ဆီကြိတ်ခွဲခြင်း၊ မြို့ပေါ်ဆီစက်များတွင်ဆီစက်များပုံမှန်ကြိတ်ခွဲခြင်းများအပြိုင်အဆိုင် ဆောင်ရွက်လာကြပါသည်။
ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး((OVOP)ဆိုသည်မှာပြည်တွင်းပြည်ပဈေးကွက်ရရှိရန် ရည်ရွယ်လျက် ဒေသကျေးရွာအလိုက် ထုတ်ကုန်တစ်မျိုကို အထူးပြုပြီး ဒေသအမည်ဖြင့် ထုတ်လုပ်ဆောင်ရွက်ခြင်းဖြစ်သည့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး(OVOP) လုပ်ငန်းများကို ဂျပန်နှင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတော်တော်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သလို မြန်မာနိုင်ငံတွင်လည်း (OVOP) လုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများမှ အားပေးမြှင့်တင်ပံ့ပိုးပေးမှုများရှိခဲ့ကြောင
မုံရွာကုန်စည်ဒိုင်၌ ဧပြီလ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံပေါက်စျေးနှုန်းများမှာ ဂျုံဖြူသန့်တစ်တင်း ကျပ်၃၆၀၀၀၊ ဂျုံထွက်တိုးတစ်တင်း ကျပ်၃၆၀၀၊ ကုလားပဲထိုင်ဝမ်တစ်တင်း ကျပ်၄၁၀၀၀၊ ကုလားပဲ 929 တစ်တင်း ကျပ်၄၀၀၀၀၊ ကုလားပဲဖြူလုံးကြီးV2 တစ်တင်း ကျပ်၄၁၀၀၀၊ ပဲစဉ်းငုံတစ်တင်း ကျပ်၄၃၃၀၀၊ ပဲတီစိမ်းကြီး တစ်တင်း ကျပ်၃၃၀၀၀မှ ကျပ်၃၆၀၀၀ထိ၊ပဲတီစိမ်းသေးတစ်တင်း ကျပ်၃၅၀၀၀၊ ပဲကြီးတစ်တင်း ကျပ်၅၀၀၀၀မှ ကျပ်၅၈၀၀၀ထိ၊ ပဲနီလုံးရိုးရိုးတစ်တင်း ကျပ်၄၀၀၀၀၊ ပဲနီကြားတစ်တင်း ကျပ်၄၁၅၀၀
အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၃၀.၃.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၆.၄.၂၀၂၂) ရက်နေ့ အတွင်း နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းစမုံနက် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၁၉၀၀၀ဝိ/-) ယခုအပတ်(၁၈၀၀၀ဝိ/-)ရှိ၍ (၁၀၀၀ဝိ/-) ဈေးလျော့၊ ပဲစဉ်းငုံ(အနီ)(၂၀)ပိဿာ(၁)တင်း ယခင်အပတ်(၄၅၀၀ဝိ/-) ယခုအပတ်(၄၃၀၀ဝိ/-) (၂၀၀ဝိ/-)ဈေးလျော့၊ မတ်ပဲယခင်အပတ်(၄၇၀၀ဝိ/-) ယခုအပတ်(၄၄၅၀ဝိ/-) (၂၅၀ဝိ/-)ဈေးလျော့၊ ကုလားပဲ(HL) ယခင်အပတ်(၄၄၀၀ဝိ/-) ယခုအပတ်(၄၂၅၀ဝိ/-) (၁၅၀ဝိ/-