
မိတ္ထီလာခရိုင်သည် လယ်ယာထွက်ကုန်သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခုနှစ် မိုးရာသီအချိန်တွင် ဆီထွက်သီးနှံများအနက် မိုးနှမ်းသီးနှံကို အဓိကအများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ နှမ်းစိုက်ပျိုးရန် သင့်တော်ဆုံးအချိန်မှာ မိုးနှမ်းကို မေလနှင့် ဇွန်လထိ စိုက်ပျိုးပြီး ဆောင်းနှမ်းကို ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
ယခုနှစ် မိုးနှမ်းကို နှမ်းညိုနှင့် နှမ်းနက် အများဆုံးစိုက်ပျိုးကြကြောင်း၊ နှမ်းတစ်ဧက စိုက်ပျိုးလျှင် မျိုးစေ့ (၂) ပြည်ခန့်ကုန်ကြပြီး စိုက်ပျိုးရာသီချိန်၌ မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်သားခနှင့် သွင်းအားစု စုစုပေါင်း တစ်ဧကလျှင် (၁၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း ယခုနှစ် ရာသီဥတုကောင်းမွန်ပြီး ရောဂါကျရောက်မှုမရှိဘဲ အထွက်နှုန်းကောင်း၍ ဈေးနှုန်းကောင်းမွန်မည်ဆိုလျှင် နှမ်းစိုက်တောင်သူများအဖို့ အမြတ်အစွန်းများစွာ ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)