ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Feb 2022

      ပြည်ခရိုင်၊ ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲသစ်များဝင်ရောက်လျှက်ရှိပြီး တစ်ရက်လျှင် အိတ် ၁၅၀/၂၀၀ခန့် ပန်းတောင်း၊ ကံမ၊ မင်းတုန်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း မြို့ဘက်မှ ဝင်ရောက်မှုရှိပါသည်။ ဇန်နဝါရီလကုန်ပိုင်းတွင် ပဲတစ်တင်းလျှင် (၄၂၅၀၀-၄၂၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဖေဖော်ဝါရီပထမပတ်မှစ၍ မတ်ပဲဈေး တဖြည်းဖြည်းပြန်ကျလာခဲ့ရာ တစ်တင်းကို ၃၈၀၀၀- ၃၉၅၀၀- ၄၀၀၀၀ ကျပ်ထိ ဈေးကျလာခဲ့ပါသည်။ ပဲဈေးကျသော်လည်း ရန်ကုန်ဝယ်လက် ပုံမှန်ရှိ၍ တနေ့လျှင် အိတ် ၂၀၀-၂၅၀ခန့် အရောင်

25 Feb 2022

          မိသားစုတစ်စု၊ အိမ်ထောင်စုတစ်စုအနေဖြင့် နေ့စဉ် Recycle အဖြစ်အသုံးပြုရန် ပြန်လည် ရောင်းချနိုင်သော စွန်ပစ်ပစ္စည်းများရှိနေပြီး ၎င်းစွန့်ပစ်ပစ္စည်းများကိုလည်း ပြန်လည်ဝယ်ယူသည့် ဆိုင်များမှာလည်း ဈေးကွက်အတွင်း ခိုင်ခိုင်မာမာ ရပ်တည်လျှက်ရှိနေကြောင်း သိရှိရပါသည်။

25 Feb 2022

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးသန့်ဇင်နှင့် မြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးတို့သည့် (၂၁.၂.၂၀၂၂)ရက်နေ့၊ နေ့လည်(၂:၀၀)နာရီတွင် မြောင်းမြမြို့၊ စက်မှုဇုံရှိ စက်မှုလုပ်မှုလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူးဦးထွန်းထွန်းဦး(ထိပ်တန်း)စက်မှုလက်မှုလုပ်ငန်းခွင်သို့ သွားရောက်ကွင်း ဆင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

25 Feb 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ညောင်တုန်းမြို့နယ်မှ ဝန်ထမ်းများသည် (၂၂.၂.၂၀၂၂)နေ့ နံနက်(၀၉:၃၀) အချိန်တွင် ညောင်တုန်းမြို့နယ်၊ ကျွန်းသာဝ ကျေးရွာမှ တောင်သူဦးသုခနှင့် ဦးကျော်သိန်းတို့၏ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ရန်ကုန်သီရိ       မင်္ဂလာဈေးကွက်တွင်း ဈေးကောင်းရနေသော ဟင်းသီးဟင်းရွက်၊ ပဲတိုင်ထောင်၊ ဘူးသီး၊ ခရမ်းသီး၊ ဖူးစားပြောင်းသီးနှံတို့၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါ

25 Feb 2022

        ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဖေဖော်ဝါရီလ စတုတ္ထပတ်မှစတင်၍ စက်သုံးဆီ အရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်ရိုးရိုးတစ် လီတာကို (၁၈၃၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာကို (၁၈၆၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၁၈၃၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၉၅၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်းကို မြို့တွင်းစက်သုံးဆီဆိုင်အချို့မှ စုံစမ်းသိရှိရပါတယ်။

Pages