ကုန်သွယ်မှုသတင်းများ
စားအုန်းဆီ ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် အဓိကသုံးစွဲနေရသည့် ဒေသတွင်းရှိ တစ်နိုင်တစ်ပိုင် မိသားစုလုပ်ငန်းများ၊ SME လုပ်ငန်းငယ်များနှင့် စားသုံးသူပြည်သူများ ဈေးကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသည့်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် ဝယ်ယူ၍ တိုက်ရိုက်ရောင်းချသည့် စားအုန်းဆီများကို လုပ်ငန်းရှင်များ၊ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရောင်း
မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြက်သွန်နီ စိုက်ပျိုးသော မြင်းခြံဈေးကွက်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ (၁၀.၂.၂၀၂၂ မှ ၁၆.၂.၂၀၂၂ထိ)တစ်ရက်ပျမ်းမျှပိဿာချိန် (၁၂၀၀၀၀) ဝန်းကျင် ဝင်ရောက်မှုရှိပါသည်။ တစ်ပတ်အတွင်း ရန်ကုန်သို့ (၁၂)ဘီးကား (၅)စီး၊ တန်ချိန် (၈၅) တန်ကို တစ်ပိဿာကားသယ်ယူခ ၉၀ ကျပ်ဖြင့် လည်းကောင်း၊ နေပြည်တော်သို့ (၆)ဘီးကား (၂)စီး၊ ကုန်ချိန်(၁၆)တန်ကို တစ်ပိဿာကားသယ်ခ ၉၅ ကျပ်ဖြင့် လည်းကောင်း၊ မော်လမြိုင်သို့ (၁၂)ဘီးကား (၃၀)စီး၊ ကုန်ချိန် (၅၁၀) တန်ကို ကားသယ်ယူခ တစ်ပိဿာလျှင် ၁၁၀ ကျပ်ဖြ
ရခိုင်ပြည်နယ်သည် မိုးရေချိန်လက်မ ၁၅၀နှင့်အထက်ရှိပြီး တောတောင်ထူထပ်ကာ မြစ်ချောင်းပေါများခြင်းကြောင့် မိုးရာသီတွင် တောင်ကျရေပြင်းကာ ရေကြီးရေလျှံဖြစ်မှုကြောင့် မြေနုန်းကျွန်းပေါ် မြေနေရာပေါများခြင်းကြောင့် ရေခံ၊ မြေခံကောင်းပြီး ရာသီဥတုမျှတခြင်းကြောင်း မိုးသီးနှံနှင့် ဆောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းသောဒေသဖြစ်သောကြောင်း ပြည်တွင်းစားသုံးမှုဖူလုံ သည့်အပြင် ပြည်ပပို့ကုန်အဖြစ် ဆန်စပါးနှင့်မတ်ပဲကို အဓိကတင်ပို့လျှက်ရှိပါရာ ယခုအခါ ၎င်းသီးနှံ များအပြင် တောင်သူများအနေဖြင့
စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်သည် အုတ်တွင်းမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အုတ်တွင်း မြို့နယ်တာဝန်ခံတို့နှင့်အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာရှိ Max စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆိုင်တာဝန်ခံ ဦးစိုးပိုင်က Diesel နှင့် Premium Disel စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ၊ ဖြူးမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးကော်မတီ အတွင်းရေးမှူးဒေါ်သန္တာစိုးသည် မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးကော်မတီဝင် ဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသေ