ကုန်သွယ်မှုသတင်းများ
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၁၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း
သန်လျင်မြို့၊ ဖေဖော်ဝါရီလ ( ၁၇ ) ရက်
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ခရမ်း၊ သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖေဖော်ဝါရီလ တတိယပတ်မှစ၍ ပဲတီစိမ်းများလှိုင်လှိုင်ပေါ်ထွက်လာပြီဖြစ်ကြောင်း ပဲတီစိမ်းစိုက်တောင်သူများ ထံမှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ သပြုကျေးရွာအတွင်း၌ သတ္တုရေကြိုပုံလောင်း လုပ်ငန်းများကို ဂျပန်ခေတ်ကျော်ထဲက လုပ်သားဦးရေထောင်နှင့်ချီ၍ စတင်ထုတ်လုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ သတ္တုကို သန့်စင်၍ ထုတ်လုပ်ရာတွင် ဒယ်အိုးဆိုဒ်စုံ၊ မိုးဗြဲဒယ်၊ ပန်ကာဆိုဒ်စုံ၊ ငရုတ်စုံဆိုဒ်စုံ၊ လျှပ်စစ်မီးကလစ်၊ အသံချဲ့စက်ဟွန်း၊ အလှဆင်အိုး၊ ရေနွေးအိုးများ စသည်ဖြင့် ထုတ်လုပ်လျှက် ရှိကြောင်းသိရပြီး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းအား စော်ဘွားကြီးကုန်း၊ တောင်ဒဂုံတို့မှ ဒါန်သတ္
တောင်ငူခရိုင်၊ ဖြူးမြို့မှ အေးအေးခိုင်အမှတ်တံဆိပ် နှစ်ပြန်ကြော်နှင့် ပဲချောင်းလုပ်ငန်းသည် ဖြူးမြို့နယ်မှ ဈေးကွက်ဝင်ပြီး စားသုံးသူများသည့် ဒေသထွက်လက်ဆောင်များ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် မိသားစု တပိုင်တနိုင် နှစ်ပြန်ကြော်လုပ်ငန်းဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ဆီဈေးတက် လာသဖြင့် ပဲချောင်းလုပ်ငန်းကို တွဲဖက်လုပ်ကိုင်လာရာမှ အောင်မြင်လာသည့် လုပ်ငန်းဖြစ်ပါသည်။ ပဲချောင်းလုပ်ငန်းမှာ အထက်အညာ ပုဂံညောင်းဦးမြို့ စက်စက်ယိုဒေသမှ နည်းပညာများနှင့် ပေါင်း စပ်ပြီး ပဲချောင်းအပြင် မု
တောင်ငူမြို့နယ် ရှမ်းဝတီးကျေးရွာမှ ထွက်ရှိသော စားပြောင်းဖူးများကို တောင်ငူမြို့ ညောင် ပင်ဈေးတွင် ၁၀ ဖူးလျှင် ၂၆၀၀ ကျပ်ဖြင့် အရောင်းသွက်နေသည်ကို တွေ့ရှိရပါသည်။ ရှမ်းဝတီးရွာမှ တောင်သူများသည် စစ်တောင်းမြစ်ရေကို ရေစုပ်စက်များဖြင့် စုပ်တင်၍ ရှူးဂါးကင်း စားပြောင်းဖူး များနှင့် ပါပယ်ဝွိုက်စားပြောင်းဖူးများကို စိုက်ပျိုးကြပါသည်။ ပြောင်းဖူးများသည် ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရနေပြီး မြို့ပေါ်ရှိ ပြောင်းဖူးပွဲစားများ ဆင်းဝယ်နေကြရာတွင် အထိုင်ဈေး တစ်ဖူး ၂၃၀ ကျပ် ရောင်းချရကြော