ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Feb 2022

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် မိုးစပါးစိုက်ဧက ငါးသိန်းခုနှစ်သောင်းကျော်ရှိပြီး၊ မိုးစပါးရိတ်သိမ်းပြီးချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် သီးထပ်အဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ အစေ့ထုတ်ပြောင်းတို့ကို စိုက်ပျိုးကြသလို၊နန်ကသူဆည်၊ ကညင်ဆည်၊ မမြဆည်၊ ကွန်ချောင်းရေလှောင်တမံတို့၏ ဆည်ရေသောက်ဒေသများဖြစ်သည့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင်လည်း နွေစပါးကိုဦးစားပေးစိုက်ပျိုးကြပြီး၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များတွင်မူ ရေတင်၍ ဧကအနည်းငယ် စိုက်ပျိုးကြပါသည်။

22 Feb 2022

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးတွင် (၁၈.၂.၂၀၂၂)နေ့ နေ့လည် (၁၃:၀၀ မှ ၁၄:၁၅) အချိန်ထိ ပဲကုန်စည်ဒိုင်ဖွင့်လှစ်ရေးအတွက် ပဲနှမ်းအသင်းဥက္ကဌ ဦးသန်းဝင်းနှင့် အဖွဲ့အား တွေ့ဆုံ၍ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

22 Feb 2022

           အောင်လံကုန်စည်ဒိုင်တွင် နှမ်း(စမုံ)ဈေးနှုန်းမှာ ယခင်အပတ်(၉.၂.၂၀၂၂)နေ့နှင့် ယခုအပတ် (၁၆.၂.၂၀၂၂)နေ့ ဈေးနှုန်းများ နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်များမှာ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့မှာ ယခုအပတ်တွင် (၅၀၀ဝိ/-) ဈေးနှုန်း မြင့်တက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်သည့် ပမာဏမှာ နှမ်း(စမုံ)(၆၅၀)အိတ်၊ နှမ်းပြာ(၂၁၀)အိတ်၊ နှမ်းနီ (၂၂၅)အိတ်၊ နှမ်းဖြူ(၁၆၀)အိတ်တို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

22 Feb 2022

         မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်မှစ၍ အမျိုးသမီးဆေးအဖြစ် အသုံးပြုသည့် ရှားစောင်း လက်ပက်မှာ ယခုအခါ အလှအပပစ္စည်းများ၊ ဆပ်ပြာ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးဓါတ်စာများ၊ အချိုရည်များ ထုတ်လုပ်သုံးစွဲလာခဲ့ရာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ထနောင်းခလှ ကျေးရွာမှ ထုတ်လုပ်သည့် နုပျို သဘာဝရှားစောင်းလက်ပက် ချက်ဆေးမှာ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တရုတ်နိုင်ငံများအထိ တင်ပို့ရောင်းချနေရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိ

22 Feb 2022

           စားသုံးသူရေးရာဉီးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း ထန်းတပင်မြို့နယ်ရှိ စက်သုံးဆီဆိုင်များမှ နေ့စဉ်စက်သုံးဆီဈေးနှုန်းများကို ကောက်ယူလျက်ရှိရာ နံနက်(၁၀:၃၀)အချိန်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ရွှေဗျိုင်းဖြူ(ထန်းတပင်)စက်သုံးဆီဆိုင်သို့ ကွင်းဆင်းလေ့လာ ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

Pages