ကုန်သွယ်မှုသတင်းများ
မအူပင်ကုန်စိမ်း စျေးကွက်သို့ ၂၀၂၅ ခုနှစ်မတ်လတတိယပတ်အတွင်း ပန်းဂေါ်ဖီစိမ်းများ ဝင်ရောက်မှုနည်း သွားသည့်အတွက် စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါသည်။ မအူပင်မြို့နယ်သို့ ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း သီတင်းကျွန်လတည်းက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ယခု ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မအူပင်စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်စိမ်း မှာအရောင်းသွက်သော်လည်း ဈေးနှုန်း အနည်းငယ်မြင့်တက်လျှက်ရှိပြီး ရန်ကုန်မှ အဝင်နည်းလ

၂၀၂၅ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ရှိ ဓနုဖြူဆီကိုယ်စားလှယ်သို့ ရန်ကုန်မြို့ရှိ Resources Group Trading Co.Ltdမှ ထုတ်ယူခဲ့သော စားအုန်းဆီ ဓနုဖြူမြို့နယ်အတွက် မတ်လအတွင်းရရှိသော ဆီခွဲတမ်း ၁ရက်ကို ဆီပေပါ ၂၂လုံး၊ Myanmar TopNet Co.Ltdမှ ထုတ်ယူခဲ့သော ပေပါ ၆လုံး စုစုပေါင်း ၅၃၆ ပေပါသည် ဓနုဖြူမြို့သို့ နေ့စဉ်ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သည် မိုးသီးနှံ၊ စပါး၊ ဆောင်းသီးနှံ ပဲမျိုးစုံ ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံအများအပြား စိုက်ပျိုးသောမြို့နယ်ဖြစ်ပါ သည်။ ထိုသီးနှံများကို လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးကြပါသည်။ ထိုသီးနှံများထဲမှ နှုန်းတင်မြေနူ (ကိုင်းမြေ)တွင် စိုက်ပျိုးသော အစေ့ထုတ်ပြောင်း၏လက်ရှိစိုက်ပျိုး ထားမှုအခြေအနေ ၊ တစ်ဧက ကုန်ကျစရိတ်ထွက်ရှိလာတော့မည့် သီးနှံအပေါ်ကြိုတင်ဝယ်ယူမှုများ အရ ၂၀၂၄-၂၀၂

မြန်မာလူမျိုးတို့သည် သပြေပန်းကို အခြားသောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းသည် ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိကြောင်း၊ ယခုအခါတွင် သပြေပန်းပင်များကို ခြံဖွဲ့၍စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများအပြင် အခြားသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။
