ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Dec 2024

     အင်ဒိုနီးရှားနိုင်ငံတွင် အရန်ရိက္ခာအဖြစ် သိုလှောင်ထားရှိမည့် ဆန်ပမာဏကို တန်ချိန် ၂ သန်း သတ်မှတ်ထားရာမှ ရှေ့လာမည့်နှစ်မှ စတင်၍ တန်ချိန် ၂.၅ သန်း အထိ တိုးမြှင့် သိုလှောင်ရန် အစိုးရက စီစဉ်လျက်ရှိကြောင်း စားနပ်ရိက္ခာရေးရာဝန်ကြီး Zulkifli Hasan က ပြောကြားခဲ့သည်။

28 Dec 2024

     သီရိလင်္ကာအစိုးရဝန်ကြီးများအဖွဲ့သည် ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ သက်တမ်းတိုးခွင့်ပြုခဲ့သည်ဟု ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး Dr. Nalinda Jayatissa က ပြောကြားခဲ့ပါသည်။

     သို့သော် ပြည်တွင်းဈေးကွက်များတွင် ဆန်ပြတ်လပ်မှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန် တိုင်အောင် ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိသည်ကို လေ့လာတွေ့ရှိရသည်ဟု ဝန်ကြီးက မှတ်ချက်ပြုခဲ့ ကြောင်း သိရသည်။

28 Dec 2024

    ကမ္ဘောဒီးယားနိုင်ငံ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပထဝီဒေသ ဆိုင်ရာအညွှန်း (GI) အသိအမှတ်ပြု ထုတ်ကုန်များအဖြစ် သတ်မှတ်ရန်အလားအလာရှိသော ကုန် ပစ္စည်းများစာရင်းကို ဒီဇင်ဘာလ တတိယရက်သတ္တပတ်တွင် ထုတ်ပြန်ခဲ့ရာ ဆန်၊ သီဟိုဠ်စေ့၊ သရက်သီးနှင့် ဒူးရင်းသီးတို့ပါဝင်ကြောင်း သိရှိရသည်။

28 Dec 2024

      ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကော်ဖီထွက်ရှိမှု ပြန်လည်‌ကောင်းမွန်လာခြင်း ကြောင့် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် သိသာစွာ တိုးတက်လာ မည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ တစ်နှစ် နှစ်ကြိမ်ထုတ်ဝေသည့် နောက် ဆုံးထုတ် အစီရင်ခံစာ၌ ဖော်ပြပါရှိပါသည်။

28 Dec 2024

        အိန္ဒိယနိုင်ငံတွင် ကုလားပဲ၏နေရာ၌ အဓိက အစားထိုးသုံးစွဲနိုင်သော စားတော်ပဲအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုသည့် ကာလကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် နောက် ထပ် သက်တမ်း ၂ လ တိုးမြှင့်လျက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အစိုးရက ခွင့်ပြုပေးခဲ့ ကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

Pages