ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Mar 2025

           ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံ ကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။

25 Mar 2025

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ကိုက်လန်များ ရောင်းချလျက်ရှိကြောင်း၊ ကိုက်လန်ရွက်ကို မြို့ပေါ်ရပ်ကွက်များမှ အဓိကထွက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင်လည်း မိမိတို့ယာကွက်များ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကိုက်လန် ရွက်ကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကိုက်လန်ရွက် (၁)စီးလျှင်(၃၀၀)ကျပ်၊ (၂)စီလျှင် ၅၀၀ကျပ်န

25 Mar 2025

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များ ရောင်းချလျက်ရှိရာ ယခုအခါ သရက်သီးခြောက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

25 Mar 2025

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ချိုချိုချဉ် ချဉ်လေးနဲ့ အရသာရှိသော  မရမ်းသီးကို လူတိုင်းကြိုက်ကြကြောင်း၊ မရမ်းသီးလေးစားရတာက ခံတွင်းတွေ့ပြီး စိတ်ကျေနပ်စရာဖြစ်ကြောင်း၊ မရမ်းသီးစိမ်းသည်  ဆားရည်ပဲစိမ်စားစား၊ ပါးပါးလေး လှီးပြီး သုတ်ပဲစားစား၊ လက်ဖက်နဲ့ပဲရောစားစာ

25 Mar 2025

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး မတ်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၅၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင်(၉၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော မတ်ပဲများကို ရွှ

Pages