ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သည့် ကျားသစ်ပဲမုန့်လုပ်ငန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့လယ်ဘုရားအရှေ့၊ တေဇလမ်းတွင် ထုတ်လုပ်ဖြန့်ဖြူရောင်းချနေသော မြို့နယ်တွင်းတပိုင်တနိုင်မုန့်လုပ်ငန်းတစ်ခုဖြစ်ပြီး မုန့်ထုတ်လုပ်ဖြန့်ဖြူးရေးချနေမှုကို ကွင်းဆင်းလေ့လာခဲ့ကြသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/378_0.png?itok=6KqR9IMC)
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ကျုံပိုင်ကျေးရွာ၊ လမန်းအုပ်စုတွင်တွင် သခွားသီးနှံကို နှစ်စဉ် စိုက်ပျိုးကြကြောင်း၊ ဓနုဖြူမြို့နယ် ဟင်းသီးဟင်းရွက် စိုက်ဧက ၇၀ ခန့် စိုက်ပျိုးကြောင်း သိရသည်။ ဓနုဖြူတွင် သခွားစိုက်တောင်သူ ၁၀ဦးခန့်ရှိသည်။
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖြစ်သည့် ဒေါ်အားမီး မရွေးမုန့် လုပ်ငန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ် (၅)ရပ်ကွက် ၊ ဈေးဦးကျောင်းလမ်းမှာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော မြို့နယ်တွင်း တပိုင်တနိုင် မုန့်လုပ်ငန်း တစ်ခုဖြစ်ပြီး မုန့်ထုတ်လုပ်ဖြန့်ဖြူးရေးချနေမှုကို ကွင်းဆင်းလေ့လာခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဆင့်ကူးကျေးရွာတွင် ခရမ်းသီးနှံကို နှစ်စဉ် စိုက်ပျိုးကြကြောင်း၊ ခရမ်းသီးအပြင် အဓိက ငရုတ်သီးနှံကိုလည်းစိုက်ပျိုးကြကြောင်း၊ ညောင်တုန်းမြို့နယ် ဟင်းသီးဟင်းရွက် စိုက်ဧက ၁၁၀ ခန့် စိုက်ပျိုးကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်တွင် ခရမ်းသီးစိုက်တောင်သူ ၂၀ ဦးခန့်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်အတွင်းမြို့နယ်များဖြစ်သော မအူပင်၊ညောင်တုန်း၊ ဓနုဖြူ၊ပန်းတနော် မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကြက်ဥ၊ ဘဲဥများကို နေ့စဉ် ရောင်းချပေးလျက်ရှိသည်။