
မန္တလေးပန်းစျေးကွက်အတွင်း ပန်းကုံးမျိုးစုံဝင်ရောက်မှု များပြားလျက်ရှိပြီး၊ စျေးမြင့်တက်ကာ ပန်းကုံးမျိုးစုံ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့ နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ကုံးပန်းများဝင်ရောက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းကုံး လက်လီ ပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျှင် ၂၀၀ဝိ/-နှင့် ၃၀၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၂၀၀ဝိ/-နှင့် ၂၅၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါး ပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့် ငွေပန်း ၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၃၈၀ဝိ/-နှင့် ၄၅၀ဝိ/-၊ နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ပန်းကုံးမျိုးစုံ အရောင်းသွက်လျက်ရှိကြောင်း၊ စျေးချိုတော်ရှိ ပန်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)
