မြင်းခြံကုန်စည်ဒိုင်၌ ဆက်လက်မြင့်တက်လာသောဆောင်းကြက်သွန်နီဈေးနှုန်းနှင့် တင်ပို့မှုအခြေအနေ

Powered by Drupal

               မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ  ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ကံဆင့်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ နနွင်းတော်ဘိုးရွာ၊ ကံရွာ၊ တူရွင်းဘိုးရွာ၊ ကျားတိုင်းရွာနှင့် သင်ပြွန်းရွာတို့တွင် ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို အဓိကစိုက်ပျိုးကြောင်း၊  မြင်းခြံဈေးကွက်၌ ဆောင်းကြက်သွန်နီသည် ယခုတစ်ပတ်တွင် ဈေးနှုန်းဆက်လက်မြင့်တက်လာ ကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၄၃၀၀၀)ပိဿာခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။

               ၂၀၂၆ခုနှစ်၊ ဩဂုတ်လပထမတွင် မြင်းခြံကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ  ဈေးနှုန်းမှာ  ထိပ်စတစ်ပိဿာလျှင် (၅၄၀၀-၅၆၀၀)ကျပ်၊ အလတ်စ  (၄၈၀၀-၅၂၀၀) ကျပ်၊ အသေးစ (၄၅၀၀-၄၇၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီအရွယ်အစားလိုက် တစ်ပိဿာလျှင် (၅၀၀-၈၀၀) ကျပ်အထိဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များသို့ နေ့စဉ်တင်ပို့ကြောင်း၊  တစ်အိတ်လျှင် ကုန်ချိန် ပိဿာဝင် (၃၀) အိတ်များဖြင့်၊ ယခုတစ်ပတ်တွင်ကုန်ချိန် (၂၄၂၅၀၆) ပိဿာခန့် တင်ပို့ကြောင်း၊ တန်ချိန်အားဖြင့် (၃၉၆)တန်တင်ပို့ခဲ့ကြောင်း၊ ဆောင်းကြက်သွန်နီသီးနှံသည် သိုလှောင်ရာတွင် တာရှည်ခံသလို စားသုံးရာတွင် နူးညံ့သောကြောင့် ဈေးကွက်၌ ဝယ်လက်များသဖြင့် ဈေးနှုန်းမြင့် တက်ခြင်း ဖြစ်ကြောင်း၊ ကုန်သည်များထံမှ သိရှိရ ပါသည်။

DOCA(မန္တလေး)