မန္တလေးစျေးကွက်တွင် အရောင်းသွက်လျက်ရှိသည့် လီလီပန်း

Powered by Drupal

        မန္တလေးပန်းစျေးကွက်သို့ ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်တို့မှထွက်ရှိသည့် လီလီပန်းများ အရောင်အသွေးစုံလင်စွာဖြင့် ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သီရိမာလာစျေးရှိ ပန်းအရောင်းဆိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံးတွေ့ရသော လီလီပန်းများမှာ အဖြူရောင်၊ ငချိတ်ရောင်၊ ပန်းရောင်၊ အဝါနုရောင်၊ လိမ္မော်ရောင်၊ ချယ်ရီရောင်တို့ အမျိုးမျိုးတွေ့ရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း လက်လီ စျေးအနေဖြင့် အပွင့်ကြီးတစ်ရိုး(၄ ပွင့်နှင့် ၇ ပွင့်ပါ) တစ်ခိုင်လျှင် ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ သုံးခိုင်ပါတစ်စီးလျှင် ၂၃၀၀၀ ကျပ်နှင့် ၂၅၀၀၀ ကျပ်၊ အဖြူရောင်အပွင့်သေးတစ်စီး(၁၀ ခက်ပါ)လျှင်  ၅၅၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)