
မန္တလေးပန်းစျေးကွက်သို့ ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်တို့မှထွက်ရှိသည့် လီလီပန်းများ အရောင်အသွေးစုံလင်စွာဖြင့် ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သီရိမာလာစျေးရှိ ပန်းအရောင်းဆိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံးတွေ့ရသော လီလီပန်းများမှာ အဖြူရောင်၊ ငချိတ်ရောင်၊ ပန်းရောင်၊ အဝါနုရောင်၊ လိမ္မော်ရောင်၊ ချယ်ရီရောင်တို့ အမျိုးမျိုးတွေ့ရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း လက်လီ စျေးအနေဖြင့် အပွင့်ကြီးတစ်ရိုး(၄ ပွင့်နှင့် ၇ ပွင့်ပါ) တစ်ခိုင်လျှင် ၈၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ သုံးခိုင်ပါတစ်စီးလျှင် ၂၃၀၀၀ ကျပ်နှင့် ၂၅၀၀၀ ကျပ်၊ အဖြူရောင်အပွင့်သေးတစ်စီး(၁၀ ခက်ပါ)လျှင် ၅၅၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
