Main menu

ပြည်မြို့၊ မြို့သစ်ဈေးတွင် ရောင်းချနေသော မုန်လာဥဖြူ ဈေးကွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့သစ်ဈေးနှင့် ပြည်မြို့ပေါ်ရှိ ဈေးများတွင် ပုတီးကုန်းဒေသမှထွက်ရှိသော မုန်လာဥဖြူများကို နေ့စဉ် မီးရထားဖြင့် သယ်ယူပြီး ရောင်းဝယ် ကြကြောင်း မြို့သစ်ဈေးသယ်များထံမှ သိရှိရပါသည်။

       မုန်လာဥဖြူကို အမျိုးမျိုးလုပ်စားကြသည်။ တို့စရာအနေနဲ့ရော၊ ပြုတ်ပြီး ငါးပိရည်ဖြင့် စားတာရှိသလို အစိမ်းလိုက်အခွံခွါရေဆေးပြီး စားတာလည်းရှိကြပါသည်။ သုပ်စားတာ၊ အချဉ်ထည့် တာ၊ နေလှန်းအခြောက်ခံထားပြီး စားတာလည်းရှိပါတယ်။ အသားတစ်ခုခုနှင့်ရောပြီး ဟင်းချိုအဖြစ် ချက်ပြုတ်စားသောက်ကြသလို အတုံးသေးသေးလေးတွေလှီးပြီး ကြော်စားလို့လည်း ရပါတယ်။

        ပြည်မြို့၊ မြို့သစ်ဈေးတွင် ရောင်းချနေသော မုန်လာဥဖြူများမှာ အသေးစည်းနှင့်အကြီးစည်း ဟူ၍ (၂)မျိုးရောင်းချကြပါသည်။ အလုံးအသေးတစ်စည်းလျှင် (၁၀)ပင်တစ်တွဲရှိပြီး အလုံးကြီး တစ်စည်းလျှင် (၅)ပင်တစ်တွဲရှိပါသည်။ အသေးစည်းတစ်စည်းလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချပြီး အကြီးတစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။

 DOCA(ပဲခူး)