
ရာသီပေါ်မဟုတ်ပေမဲ့ ဈေးကွက်ထဲသို့ရောက်ရှိလာတဲ့ ပိန်းဥများကို ပြည်မြို့ မြို့မစည် ပင်သာယာ ဈေးကြီးနှင့် အခြားဈေးများတွင် စတင်ရောင်းချနေပြီ ဈေးကောင်းရ၍ ပေါ်ဦးပေါ်ဖျား ဖြစ်သည့်အတွက် အရောင်းအဝယ်လည်း ဖြစ်ကြောင်းသိရပါသည်။ ပိန်းဥဈေးကွက်သည် ဈေးကွက်မ ပြတ်ရှိနေသည့်အတွက် နှစ်စဉ်ကောင်းမွန်နေသောကြောင့် တောင်သူများအတွက် ပိန်းဉကို စီးပွားဖြစ်စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးလည်းဖြစ်ကြောင်း သိရှိရပါသည်။ ပိန်းဥသည် ဘယ်ဒေသ မှာ စိုက်စိုက် အဓိကတော့ ရေရှိရင်စိုက်ပျိုးလို့ရကြောင်း သိရပါသည်။ ပိန်းဥပင်ကို ဇွန်လအစောပိုင်း တွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာ လတွင် ပိန်းဥများကို တူးဖော်ရောင်းချကြောင်း သိရှိရပါသည်။ ပိန်းဥဥပြီး ရောင်းချချိန်ထိ အပင် သက်တမ်း (၅)လခွဲမှ (၆) လအတွင်း အချိန်ကြာမြင့်ကြောင်း သိရှိရပါသည်။ တစ်ဧကကို အပင်က ကျန်းမာပြီး အထွက်နှုန်းကောင်းရင် အချိန် (၅၀၀၀) ဝန်းကျင်အထိထွက်ကြောင်း ပိန်းဥစိုက် တောင်သူ ၏ပြောကြားချက်အရ သိရှိရပါသည်။ မြန်မာနိုင်ငံ တွင် ပိန်းဥအမျိုးအစားများစွာရှိပြီး ရှမ်းပြည်နယ်ဘက် မှ ထွက်ရှိသော ပိန်းဥမျိုးမှာ အလုံးအရွယ် အစားသေးငယ်ကြောင်း သိရှိရပါသည်။ ပိန်းဥကို ပြည်မြို့ အနီးတဝိုက်ရှိ ကျေးရွာများနှင့် တစ်ပိုင် တစ်နိုင်စိုက်ပျိုးသူများမှ လာရောက်ရောင်းချကြောင်း သိရှိရပါသည်။ ယခုလက်ရှိ ဈေးကွက်ထဲတွင် ပေါ်နေသော ပိန်းဥမှာ ဗမာမျိုးဖြစ်ပြီး ပိန်းဥကို ပြုတ်၍ လည်းကောင်း၊ ချက်၍လည်းကောင်း စားကြပါသည်။ သရေစာအဖြစ်လည်း စားသုံးကြပါသည်။ ကျန်တဲ့ သီးနှံတွေက ဈေးကွက်တွေ ပျက်တတ်ပေမယ့် ပိန်းဥဖော်ရောင်းတာ နေရာအရောက် တစ်ပိဿာကို ကျပ် (၃၅၀၀) အထိ ဈေးကောင်းရကြောင်း သိရပါသည်။ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးတွင် ရောင်းချနေသော ပိန်းဥဈေးမှာ လက်လီတစ်ပိဿာလျှင် ကျပ် (၄၅၀၀) ရှိပြီး ပေါ်ဦးပေါ်ဖျားဖြစ်သည့် အတွက် အရောင်းအဝယ်ကောင်းကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
