ပေါက်မြို့နယ်ရှိ ငရုတ်စိုက်တောင်သူများ၏ ဈေးနှုန်းဈေးကွက်နှင့် အသားတင်အကျိုးအမြတ်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သော အင်းတော၊ ရှားတော၊ သရက်တော၊ ထန်းတပင်၊ စမ်းရေခုံကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး ကို အဓိကအားထား၍ လုပ်ကိုင်ကြပါသည်။ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးနှံကို ဝင်ငွေရရှိလာစေ ရန် မိသားစုတပိုင်တနိုင် စိုက်ပျိုးလာသည်ကို တွေ့ရှိရပါသည်။

      ပေါက်မြို့နယ်၊ သရက်တောကျေးရွာရှိ တောင်သူတစ်ဦးမှ ငရုတ်သီးနှံကို မေလလယ်တွင် စတင်စိုက်ပျိုးပြီး ()လအကြာတွင် ခူးဆွတ်ရကြောင်း၊ ရွှေအပ်ဆန်း၊ မိုးမျှော်၊ ဆင်စွယ်ဟူ၍ ငရုတ် သီးနှံအမျိုးမျိုးရှိသော်လည်း ဆင်စွယ်ငရုတ်မျိုးကိုသာ အဓိကထား၍စိုက်ပျိုးကြကြောင်း၊ ကုန်ကျ စရိတ်အနေဖြင့်မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင်()ဧကလျှင် ကျပ်(၁၂) သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်း၊  အထွက်နှုန်းမှာ ()ဧကလျှင် ပိဿာ(၆၀၀)ကျော်ထိ ထွက်ရှိပြီး ဈေးနှုန်းမှာ ()ပိဿာလျှင် ကျပ်(၄၀၀၀)နှုန်းဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် နယ်မြေ အခက်အခဲအရ ပေါက်မြို့ပေါ်ရှိ မြို့မဈေးအတွင်း၌သာ သွားရောက်၍ရောင်းချရကြောင်း၊ အသား တင်အကျိုးအမြတ်မှာ()ဧကလျှင် ကျပ်(၁၂)သိန်းခန့်ကျန်ရှိကြောင်း ငရုတ်စိုက်တောင်သူထံမှသိရှိ ရပါသည်။

DOCA(မကွေး)