ကုန်သွယ်မှုသတင်းများ
ယနေ့အချိန်အခါသည် အသိပညာခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ/နိုင်ငံသားအားလုံး၏ အသိပညာရှိမှု၊ တတ်မြောက်ကျွမ်းကျင်မှုနှင့် ပြောင်းလဲနေသည့် သတင်းအချက်အလက်များအပေါ်ရယူနိုင်မှုအပေါ်မူတည်နေပါသည်။ Globalization ခေတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုပုံစံတွင် မိမိတစ်ဦးတည်းသာ တည်ဆောက်လုပ်ကိုင်ခြင်းထက် လုပ်ငန်းတူများနှင့် ပေါင်းစပ်၍ အသင်းအဖွဲ့ပုံစံဖြင့် လုပ်ကိုင်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ SMEs လုပ်ငန်းများ ပေါင်းစပ်ခြင်းအားဖြင့် သတင်းအချက်အ
ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်အတွင်းရှိ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီကုန်ဈေးနှုန်း အခြေအနေများအား မြဝတီမြို့ စက်သုံးဆီအခြေခံစားသောက်ကုန်ဈေးကွက်ရောင်းချသူများထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ပြည်ပဈေးကွက်ဝယ်လိုအားရှိသော မိချောင်းကွင်းဖတ်စိုက်ပျိုးသည့်တောင်သူများ ယခုနှစ်တွင် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ရွှေကညင်ပင်ကျေးရွာရှိ မိချောင်းကွင်းဖတ်စိုက်ပျိုးတောင်သူဦးကျော်စိုးထံမှ သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/မိချောင်းကွင်းဖတ်.jpg?itok=ZbMN-Sin)
ကျိုင်းတုံမြို့သည် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မတ်လအတွင်း မန်ကျည်းသီးဈေးကွက်အခြေအနေမှာ ကျိုင်းတုံရှိ နေအိမ်များ၊ ခြံများ၌ ပေါက်ရောက်လျက်ရှိသော မန်းကျည်းပင်များကို အပင်ချုပ်စနစ်ဖြင့်ဝယ်ယူပြီး အစေ့ထုတ်ကာ ကျိုင်းတုံမြို့ဈေးများ၌ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/IMG-d0bba5742da8911419f571721ebb9f24-V.jpg?itok=mjwBhTzj)
၁၄.၃.၂၀၂၂ ရက်နေ့ မှ ၂၀.၃.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်းအား ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-