ကုန်သွယ်မှုသတင်းများ
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိကျေးရွာများတွင် ရာဘာ (၅၆၇၀)ဧကခန့် စိုက်ပျိုးထားရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာဘာစိုက်တောင်သူများထံမှ သိရသည်။
ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင် မိုးစပါး ၆၇၂၇၇၃ဧက စိုက်ပျိုးပြီး ရာသီကုန် ရိတ်ဧက ၆၇၀၁၃၃ဧကရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျင် ၈၂.၂၃တင်းနှုန်း ထွက်ရှိသဖြင့် စုစုပေါင်း ၅၅၁၀၇၂၈၉တင်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
၁၁.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-
မြန်မာနိုင်ငံတွင် ၁၉၉၅-၁၉၉၆ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း နှစ်စဉ်ဝါသီးနှံစိုက်ဧက (၇)သိန်းမှ (၈)သိန်းကျော်ထိ စိုက်ပျိုးခဲ့ကြပြီး ၂၀၁၁-၂၀၁၂ ခုနှစ်မှစပြီး ဝါစိုက်ပျိုးဧကလျော့ကျလာကာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဝါစိုက်ပျိုးဧက (၄)သိန်းကျော်ခန့်ရှိကြောင်း သိရသည်။ ဝါသီးနှံအနေဖြင့် တစ်ဧကအထွက်နှုန်းနှစ်ဆကျော် တိုးတက်လာသော်လည်း ဝါစိုက်ပျိုးမှုတိုးတက်လာစေရေးနှင့် ရေရှည် တည်တံ့ခိုင်မာသော ဝါစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးစေရေး ဆောင်ရွက်ရန်လိုအပ်လျက်ရှိနေပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဉဒေါင်းမင်းဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးဆီများ ထုတ်လုပ်ရောင်းချရောင်းချရာတွင် စားသုံးဆီအရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဖော်ပြရန်လိုအပ်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဉပဒေပုဒ်မ၂(ဇ)အရ ထုတ်လုပ်မှုဖြစ်စဉ်