
ခေတ်မှီ ဓာတုစက်မှုလုပ်ငန်းကုမ္ပဏီ (ACI) ၏ ဒါရိုက်တာ၊ Shusmita Anis က ကုမ္ပဏီ၏ ရှယ်ယာ ၇.၇၅ သိန်းခန့် ကို ဝယ်ယူရန် ဆန္ဒရှိကြောင်း နှင့် အဆိုပါ အရောင်းအဝယ်အားဧပြီလ ၃၀ ရက်နေ့တွင် လက်ရှိပေါက်စျေးအတိုင်း အကြီးစားငွေလွှဲစျေးကွက် မှတစ်ဆင့် ဝယ်ယူမည် ဖြစ်ကြောင်း ACI မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ အကြီးဆုံးနှင့်အကျယ်ပြန့်ဆုံးဖြစ်သော ဒါကာရှယ်ယာ စျေးကွက် (DSE) သို့ ပေးပို့သော ထုတ်ဖော်ပြချက်အရ သိရပါသည်။ လက်ရှိ ACI ၏ ရှယ်ယာတစ်ခု၏ အပိတ်စျေးနှုန်း Tk ၂၀၁.၃၀ ကိုအခြေခံ၍ကြည့်လျှင် ဝယ်ယူမည့် ရှယ်ယာတန်ဖိုးသည် Tk ၁၅.၆၀ ကုဋေ ရှိကြောင်း သိရပါသည်။ ယခုနှစ်များတွင် ACI ဒါရိုက်တာသည် ကုမ္ပဏီတွင် ၎င်း၏ ရှယ်ယာများစွာ တိုးလာကြောင်း သိရပါသည်။ ၎င်းအပြင် ယခုနှစ် အစောပိုင်းတွင် ACI ဥက္ကဌ M Anis Ud Dowla က ကုမ္ပဏီ၏ ရှယ်ယာ ၁၆ သိန်းကို ဝယ်ယူခဲ့ကြောင်း နှင့် အုပ်ချုပ်မှုဒါရိုက်တာ Arif Dowla က စီးပွားရေးကဏ္ဍ အသီးသီးတွင် လုပ်ကိုင်နေသော နာမည်ကြီး စီးပွားရေးအဖွဲ့အစည်းမှ ရှယ်ယာ ၃၁ သိန်းကိုဝယ်ယူခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ဇွန်လတွင် ACI ဥက္ကဌ M Anis Ud Dowla က ကုမ္ပဏီ၏ ရှယ်ယာ ၁၉.၈၇ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း နှင့် Arif Ud Dowla က ၄.၉၈ ရာခိုင်နှုန်း နှင့် Shusmita Anis က ၁.၉၄ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ACI ဒါရိုက်တာများ၏ ရှယ်ယာပိုင်ဆိုင်မှုများသည် ၎င်းအချိန်မှစ၍ မြင့်တက်လျက်ရှိကာ ယခုနှစ် မတ်လအကုန်တွင် ၎င်းတို့၏ရှယ်ယာပိုင်ဆိုင်မှုများသည် ၃၆.၀၇ ရာခိုင်နှုန်း မှ ၄၃.၁၆ရာခိုင်နှုန်း အထိတိုးမြင့် လာကြောင်း သိရပါသည်။
The daily star
DOCA(ရန်ကုန်)