ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မေလ ဒုတိယပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၂၅၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၀၀၀၀၊ တန်အားဖြင့် ၅၀၀၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် နှစ်စဉ်ရွှေဘို ပေါ်ဆန်းစပါးများကို စိုက်ပျိုးခဲ့ရာ ၂၀၁၂-၂၀၁၃ခုနှစ်မှစတင်၍ စိုက်ဧက(၃)သိန်းခန့်မှ (၄)သိန်း နီးပါးထိ စိုက်ပျိုးခဲ့ကြပါသည်။ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးမှုများပြီး အရည်အသွေးလည်းကောင်းသဖြင့် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် ပြင်သစ်နိုင်ငံ GREAT Myanmar ၏ ထောက်ပံ့ ကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူ ဦးကြီးများ၊ ကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းခ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ် တာဝန်ခံ ဦးကျော်စိုးသည် မေလ၊ (၁၀)ရက်၊ နံနက်(၉:၀၀)နာရီအချိန်တွင် ပေါက်မြို့နယ် ရှားတော ကျေးရွာ(နွေ)ခရမ်းစိုက် တောင်သူ ဦးမြင့်စိုးနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်း လေ့လာမေးမြန်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၁.၅.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်ရှိ “ ဝင်း” မုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း မေလ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့များတွင် မိုးနှမ်းများစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
