
ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါသကဲ့သို့ မြေပဲနှင့်နှမ်းမှာ ပြည်ပသို့တင်ပို့သည့် ကုန်စည်အမယ်များဖြစ်ပါတယ်။ မြေပဲ၊နှမ်း၊နေကြာ သီးနှံများအား စားဆီကြိတ်ခွဲပြီးထွက်ရှိလာသည့် မြေပဲဖတ်၊နှမ်းဖတ်နှင့်နေကြာ ဖတ်များကိုတိရိစ္ဆာန် အစာအဖြစ်အသုံးပြုလျက်ရှိပါတယ်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာ ပေါက်စျေးများမှာ မြေပဲဆီ ၁၆၀၀ဝိ/-နှင့် ၁၆၅၀ဝိ/-၊နှမ်းဆီ ၁၄၀၀ဝိ/-နှင့် ၁၄၅၀ဝိ/-စျေးနှင့် ပဲဖတ်တစ်ပိဿာ ပေါက် စျေး များအနေဖြင့် မြေပဲဖတ် ၄၅၀ဝိ/- နှင့် ၄၆၀ဝိ/-၊ နှမ်းဖတ် ၄၀၀ဝိ/-နှင့် ၄၁၀ဝိ/-၊ နေကြာဖတ် ၂၂၀ဝိ/-နှင့်၂၃၀ဝိ/-၊မုန်ညင်းဖတ် ၂၅၀ဝိ/-နှင့် ၂၆၀ဝိ/-၊ ပန်နှမ်း ဖတ်၂၆၅ဝိ/-နှင့် ၂၇၀ဝိ/-စျေး ဖြစ်ပေါ်လျက်ရှိပြီး၊ကြိတ်ဖတ်ထွက်ရှိမှုအပေါ်မူတည်၍ စျေးထက်အနည်းငယ်မြင့်တက်သွားကြောင်း သိရပါတယ်။
DOCA(မန္တလေး)