ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jul 2023

    ပြည်ခရိုင်အတွင်း ကြက်သွန်ဖြူ(ရှမ်း) လက်လီတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ လက်ကား တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဈေးနှင့် (ကြူကုတ်) လက်လီတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ လက်ကား တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဈေး ရှိပါသည်။ မန္တလေးနှင့် ရှမ်းပြည်နယ်များမှ သယ်ယူရောင်းချရသည့် အတွက် သယ်ယူစရိတ်များ ဈေးမြင့်နေခြင်း၊ အဝင်နည်းလာခြင်းတို့ကြောင့် ဈေးမြင့်နေရခြင်းဖြစ်ပြီး အရောင်းအဝယ်မှာ အနည်းငယ်အေးကြောင်း သိရပါသည်။

21 Jul 2023

    ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လလယ်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီသီးနှံ အ၀င်နည်းနေပြီး မကွေးတိုင်း အောင်လံဘက်မှ ပိဿာချိန် (၇၀၀)၊ ဆိပ်ဖြူဘက်မှ ပိဿာချိန် (၂၅၀၀)၊ ကျောက်ပန်းတောင်းဘက်မှ ပိဿာချိန် (၁၅၀၀)ခန့် ရှိသဖြင့် ပိဿာချိန်ပေါင်း (၄၇၀၀)ခန့်သာ အဝင်ရှိနေသည်။ ယခင် နေ့စဉ် ပိဿာချိန် (၇၀၀၀)ခန့် ဝင်ရောက်မှုရှိခဲ့သဖြင့် ထက်ဝက်နီးပါးခန့် အဝင်နည်းသွားကြောင်းသိရသည်။ အရောင်းအဝယ်အနေဖြင့် အဝင်နည်းသဖြင့် ပုံမှန်ထက် ရောင်းဝယ်မှုနည်းပါး သွားကြောင်းသိရပြီး ဒေသတွင်းဝယ်လက်များ အိတ်ဆွဲ ဝယ်ရောင်းသမားမ

21 Jul 2023

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လ တတိယအပတ်၌ ဖူးစားပြောင်းများလှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ဖူးစားပြောင်းများကို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာ၊ တောင်လုံးညို၊ ဆင်မြီးဆွဲ၊ ဖိုးခေါင်ရွာတို့မှ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ထွက်ရှိလာသော ပြောင်းဖူးများကို ပြည်မြို့နယ်အတွင်းဈေးကွက်များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ထွက်ရှိလာသောပြောင်းဖူးများကို ဖုတ်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း၊ အစေ့ထုတ်

21 Jul 2023

     ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လ တတိယပတ်တွင် အောင်ပန်းချင်းများ ပြည်ဈေးကွက်သို့ ပိဿာ(၃၀)ဝင်အိတ်၊ (၃၀၀)ခန့်ရှိပြီး ယခင်ဇူလိုင်လ ဒုတိယပတ်ကထက် အိတ် (၁၅၀)ခန့် ပိုမိုဝင်ရောက်လာပါသည်။ ယခုနှစ်သည် ချင်းဈေးကောင်းသည့်နှစ်ဖြစ်ပြီး ယခင်အပတ်တွင် ချင်းဈေး တစ်ပိဿာလျှင် (ပွဲရုံဈေး) (၉၀၀)ကျပ်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၅၀၀)ကျပ်အထိဈေးကျခဲ့ပြီး၊ ယခုအပတ်တွင် ချင်းတစ်ပိဿာလျှင် (ပွဲရုံဈေး) (၄၅၀၀)ကျပ်၊ လက်လီဈေး (၈၀၀၀)ကျပ်နှင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပြည်ဈေးကွက်တွင် တစ်နေ့ကိုချင်းပိဿာချိန် (၅

21 Jul 2023

      ယခု၂၀၂၃ခုနှစ်၊ဇူလိုင်လ တတိယပတ်တွင် သရက်သီးမှည့်များ ဈေးသက်သာနေပြီး သရက်သီးအစိမ်း (သို့မဟုတ်) ဝင်းမှည့်များသည် ဈေးကောင်းရလျက်ရှိပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ထွက်ရှိသော ရင်ကွဲသရက်သီးစိမ်းများသည် ဈေးကောင်းရလျက်ရှိပြီး အရောင်းသွက်ကြောင်း သိရပါသည်။ သရက်သီးအစိမ်းရှားချိန်ဖြစ်၍ ဈေးကောင်းရရှိပြီး အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ရင်ကွဲသရက်သီး အစိမ်းအချောအလုံးကြီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ (၁၅၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၁၃၀)ကျပ်မှ (၁၀၀)ကျပ်၊ အသေးတစ်လုံးလျှင် ကျပ်(၈၀)

Pages