ကုန်သွယ်မှုသတင်းများ
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေပေါ်ဈေးတွင် အခြေခံစားသောက်ကုန်များ၏ နေ့စဉ်ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းကောက်ယူစာရင်းပြုစုလျက်ရှိရာ (၁၃-၇-၂၀၂၃) ရက်နေ့၏ ကွင်းဆင်းကောက်ယူမှုအရ ကြက်သွန်နီလက်လီဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကိုအပတ်စဉ်တင်ပြလျက်ရှိပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၀၀၀၀) က
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်သည် စပါးအဓိကစိုက်ပျိုးသည့်ခရိုင်တစ်ခုဖြစ်ပြီး (၂၀၂၂-၂၀၂၃) ခုနှစ်တွင် နွေစပါး (၈၁၀၄၈) ဧကစိုက်ပျိုးခဲ့ရာ ဇွန်လ၊ လဝက်ခန့်မှစတင်၍ စိုက်ပျိုးထားသည့်စပါးများကိုရိတ်သိမ်းခဲ့ကြပါသည်။ နွေစပါးများကို ရွှေဘိုဈေးကွက်တွင် ဇွန်လ၊ တတိယအပတ်မှစတင်၍ BG နှင့် 747 စပါးများအရောင်းအဝယ်ဖြစ်ခဲ့ပြီး ၎င်းစပါးများကို ကြိတ်ခွဲ၍ထွက်ရှိသောဆန်များမှာ ထမင်းအဖြစ် ချက်ပြုတ်စားသုံးရသည့်ဆန်မဟုတ်ဘဲ သားရေစာအဖြစ်စားသုံးသည့်ခေါက်ဆွဲနှင့် မုန့်အမျိုးမျိုးပြုလုပ်ရာတွင် အသုံး
