ရွှေဘိုဈေးကွက်တွင် ကုလာပဲလုံးဈေးအေးနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲလုံးများကို ဒေသတွင်းအပြင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ လကုန်အပတ်တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင်နှင့် အဝါရောင် နှစ်မျိုးရှိပြီး ရောင်းချရသည့် ဈေးနှုန်းမှာလည်းတူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကုလားပဲသုတ် ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)