ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပုလောမြို့နယ် ခန္တီရွာ၊ ရှပ်ပုံရွာများတွင် ရှပ်အခြောက် အများဆုံးထွက်ရှိပါသည်။ ယခုနှစ်မှာ ရေးမြို့နယ်ဘက်မှအဝင်နဲပြီး ပုလောဘက်မှ အဝင်အများဆုံး ဖြစ်သည်။ အစိမ်းခြောက်ဟုခေါ်သော အကောင်ကြီးအပြား ရှပ်ခြောက် (၁)ပိဿာလျှင် (၇၅၀၀၀) ကျပ် ၁ဗူးစျေးနှုန်းမှာ (၄၀၀၀)ကျပ်နှင့် အပြုတ်ခြောက်ဟုခေါ်သော အကောင်ငယ်အလုံး ရှပ်ခြောက် (၁)ပိဿာလျှင်(၅၀၀၀၀)ကျပ် ၁ဗူးစျေးနှုန်းမှာ (၄၀၀၀)ကျပ် ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည် သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့်ကမ်းနားပျံကျစျေးများ တွင် ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

ကန်စွန်းဥကို မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥတွင် အမျိုးပေါင်းများစွာရှိပြီး ကန်စွန်းဥအရောင်ပေါ်မူတည်၍ အမျိုးအစားခွဲခြားကြသည်။ ကန်စွန်းဥ ကို သဲမြေ၊ သဲနုန်းနှင့် နုန်းမြေများပေါ်တွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ကန်စွန်းဥကို မိုးရာသီ တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စိုက်ပျိုးကြသည်။ တစ်တန်းနှင့် တစ် တန်း(၂)ပေကွာ၍ တစ်ပင်နှင့်တစ်ပင် (၁)ပေခြား စိုက်ပျိုးကြသည်။ ကန်စွန်းဥကို စျေးကောင်း လျှင် မရင့်မီအရွယ်ရောက်ဥများကို တူးဖ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီသည် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

ရွှေဖရုံသီး၏အရောင်သည် ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရာသာ အနည်းငယ်ချို သည်။ ရွှေဖရုံသီး၏အသားသည် မချက်ပြုတ်မီ အလွန်မာကျောသော်လည်း အပူပေးချက်ပြုတ် ပြီးနောက် အင်မတန်နူးညံ့သည်။ အသီးသာမက အပင်၏အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကို လည်း စားသုံးနိုင်သည်။ ထားဝယ်မြို့ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ကွင်း စိုက်ပျိုးခြံများတွင် စိုက်ပျိုး၍ထွက်ရှိလာသောအသီးများကို ကုန်စိမ်းသည်များသို့ ဖောက်သည်ပေးကာ ထိုမှတဆင့် အနီးအနားရှိဈေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ရွှေဖရုံသီးအသေးတစ်
