ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Mar 2025

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချ ကြောင်း သိရသည်။

22 Mar 2025

             အမေရိကန်ပြည်ထဲရေးဝန်ကြီး Daug Burgum သည် အလက်စကာတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ငှားရမ်းမှုအတွက် နေရာများပိုမို တိုးမြင့်နိုင်ရန် ခြေလှမ်းအသစ်များကို စတင်ခဲ့သည်။ ပြည်နယ်အတွင်း စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားရန်အတွက် သမ္မတ Donald Trump ၏ အုပ်ချုပ်မှု အမိန့်ကို အကောင်အထည်ဖော် ရန်အတွက် LNG ပိုက်လိုင်းနှင့် သတ္တုတွင်းလမ်းကြောင်းတည်ဆောက်ခြင်းအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းမည်ဖြစ်သည်။ အေဂျင်စီသည် ဖွံ့ဖြိုးရေးအတွက် အငှားချထား နိုင်သော အလက်စကာအ

22 Mar 2025

           အမေရိကန်ပြည်ထောင်စု၏ Working gas သိုလှောင်မှုသည် မတ်လ ၁၄ ရက်တွင်ကုန်ဆုံးသည့် သီတင်းပတ်တွင် ကုဗပေ ၁၇၀၇ ဘီလီယံရှိပြီး ယခင်အပတ်ကထက် ကုဗပေ ၉ ဘီလီယံတိုး လာကြောင်း US Energy Information Admimistration (EIA) က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန် သည့် အစီအရင်ခံစာတွင်‌ဖော်ပြထားသည်။ EIA ၏ အပတ်စဉ် သဘာဝဓာတ်ငွေ့ သိုလှောင်မှု အစီအရင်ခံစာအရ စုစုပေါင်း Working gas သိုလှောင်မှုမှာ လွန်ခဲ့သောတစ်နှစ်ကထက် ၂၆.၈ ရာခိုင်နှုန်းကျဆင်းသွားပြီး ငါးနှစ်ပျမ်းမျှသိုလှောင်မှုထက် ၁၀ ရာခိုင်နှုန်းကျဆင်း

22 Mar 2025

            အမေရိကန်အစိုးရ၏အကောက်ခွန်မူဝါဒအသစ်နှင့် အခြားအချက်များကြောင့် ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း အန္တရာယ်များကို လျော့ပါးသက်သာစေရန် တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းသည့်ရင်းမြစ်များကို ကွဲပြားစေရန် ကြိုးပမ်းမှုများကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။ ပြည်တွင်းတောင်သူလယ်သမားများသည် ထောက်ပံ့ရေးပစ္စည်းများ ရရှိရန် ထုတ်လုပ်မှုမြှင့် တင်ရန် ပိုမိုအားထုတ်ကြိုးပမ်းနေကြသည်ဟု အကြီးတန်းစက်မှုလုပ်ငန်း လေ့လာဆန်းစစ်သူ တစ်ဦး က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ယခုနှစ်

22 Mar 2025

             ဂျပန်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ဆန်စပါးသီးနှံအတွက် ပေးဆောင်ရသည့် ပျမ်းမျှစျေးနှုန်းသည် ဖေဖော်ဝါရီတွင် ခြောက်လဆက်တိုက် စံချိန်တင်မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။ ၂၀၂၄ ခုနှစ်တွင် ရိတ်သိမ်းပြီး ပျမ်းမျှ ဆန်ညိုရောင်းဈေးမှာ ၆၀ ကီလိုဂရမ် လျှင် ယန်း ၂၆,၄၈၅ (အမေရိကန်ဒေါ်လာ ၁၇၈ ခန့်) ရှိရာ ယခင်နှစ်ကထက် ၇၃ ရာခိုင်နှုန်းနှင့် ဝယ်လိုအား ပြင်းထန်လာခြင်းကြောင့် တစ်လအလိုကထက် ၂ ရာခိုင်နှုန်း တိုးလာကြောင်း စိုက်ပျိုး ရေး၊ သစ်တောနှင့်ရေလုပ်ငန်း ဝန်ကြီးဌ

Pages