မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရာသီစာအသီးအနှံ သီးနှံများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ရာသီစာသီးနှံများအနက် မာလကာသီးသည် အသီးတင်သာမက အရွက်ရောအခေါက်ပါ ဆေးဖက်ဝင်သော အပင်ဖြစ်သည်။ မာလကာသီး မိမိတို့၏ နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  တို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)