ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ပဲ၊ ငရုတ် စသည့်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြသည့်အပြင် ပန်းမန်မျိုးနွယ်ဝင်ဖြစ်သည့် အောင်သပြေ၊ အာဆီယံသပြေနှင့် ညိုချော သပြေများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကာ ပုံမှန်ဝင်ငွေရနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ကော်ဖီစေ့ဈေးနှုန်းများ မြင့်တက်လျက်ရှိမှုနှင့်အတူ စိုက်ပျိုးထုတ်လုပ်မှု ဧရိယာကို တိုးချဲ့လျက်ရှိသော်လည်း အထွက်ပမာဏ သိသာစွာကျဆင်းလျက် ကော်ဖီစေ့ပြတ် လပ်မှုနှင့် ကြုံတွေ့နေရသဖြင့် ၂၀၂၅ ခုနှစ်တွင် ကော်ဖီစေ့၊ အသင့်သောက်သုံးနိုင်သောကော်ဖီနှင့် အခြားသော ကော်ဖီထုတ်ကုန်များ အပါအဝင် ကော်ဖီတန်ချိန် ၈၀၀၀၀ ခန့်အထိ တင်သွင်းရဖွယ်ရှိ သည်ဟု အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက မတ်လ ၁၈ ရက်နေ့၌ ပြောဆိုကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြပါသည်။

ဗမာခရမ်းချဉ်သီးဆိုသည်မှာ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့်ရာသီပေါ်ခရမ်းချဉ်သီး အမျိုး အစားတစ်ခု ဖြစ်ပြီး အရသာရှိတဲ့အပြင် အာဟာရဓာတ်ကြွယ်ဝသည်။

ဂျပန်ပြည်တွင်းဈေးကွက်တွင် ဆန်ပြတ်လပ်မှုဖြစ်ပေါ်နေသည့်အတွက် ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိပြီး ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ယခုနှစ် ဇန်နဝါရီလကုန်အထိ အစိုးရထံသို့ ဆန်တင်သွင်းခွင့်လျှောက်ထားမှုမှာ ၉၉၁ တန်အထိ စံချိန်တင် ရောက်ရှိလာကြောင်းသိရှိရပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် ဈေးကွက် ရာသီနှစ်အတွင်း သကြားတန်ချိန် ၁ သန်းတင်ပို့ရန် လျာထားသော်လည်း မတ်လ ၁၁ ရက်နေ့အထိ တန်ချိန် ၀.၁၅ သန်းသာ တင်ပို့ထားနိုင်ကြောင်း သိရှိရသည်။
