
မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အပိုဝင်ငွေရရှိရန် မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင် ဒန့်ဒလွန်ပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ဒန့်ဒလွန်ပင်သည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါသည်။ ဒန့်ဒလွန်ပင်မှ အသီးအပြင် အရွက်များကိုလည်း ကြော်စားခြင်း၊ ဟင်းခါးရည်ချက်၍ ချက်ပြုတ်စားသောက်လေ့ရှိကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် သာစည်ဈေးတွင် ဒန့်ဒလွန်သီး (၃)တောင့်ပါ တစ်စည်းလျှင် ( ၈၀၀ )ကျပ်၊ ဒန့်ဒလွန်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၄၀၀)ကျပ်မှ (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
