ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နဂါးတွင်းကျေးရွာတွင် အပိုဝင်ငွေရရှိရန်အတွက် ဂန္ဓမာပန်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုပုံစံ အနေဖြင့် မြေဘောင်တင်စနစ်၊ မြေအောက်ရေတင်စနစ်တို့ဖြင့် စိုက်ပျိူးကာ မြေအကျယ်အဝန်း ပေ ၄၀ ပတ်လည်တွင် အပင်အရေအတွက် ၅၀၀၀ ခန့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့ပေါ်တွင် ပြည်တွင်းဈေးကွက် ဝယ်လိုအားရှိသော ကံ့ကော်ပန်းခြောက်များကို ကံ့ကော်ပန်းပွင့်ချိန် မတ်လမှစတင်၍ ဝယ်ယူလျက်ရှိပြီး မေလအထိသာ အရောင်းအဝယ်ဖြစ်ကြောင်း ကံ့ကော်ပန်းခြောက်များကို သာပေါင်းမြို့နယ်၊ ချောင်းသာ၊ ဟိုင်းကြီးကျွန်းနှင့် ပုသိမ်မြို့ပေါ်မှ လာရောက်ရောင်းချလျက် ယခင်နှစ်က ကံ့ကော်ပန်းခြောက် တစ်ပိဿာကို ကျပ် ၁၅၀၀/၂၀၀၀ နှုန်းဖြင့် ပုသိမ်မြို့ပေါ် အဝယ်ဒိုင်မှဝယ်ယူလျက်ရှိပြီး ပြည်တွင်းဈေးကွက် အသုံးပြုရန် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည

ပီလောပီနံပင် (သို့မဟုတ်) ကလောပင်သည် နှစ်ရှည်ခံ Euphobiaceae မျိုးရင်းဝင် ချုံပုတ်ပင်အမျိုးအစားဖြစ်ပါသည်။ ရှေးယခင်က Hydrocyanic acid ပါဝင်၍ အဆိပ်ရှိသော သီးနှံအဖြစ် သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း စားသုံးမှု များလာကြပါ တယ်။ ပီလောပီနံသီးနှံသည် တောင်နှင့်မြောက်လတ္တီကျု ၃၀ ဒီဂရီတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင် သောကြောင့် မြန်မာနိုင်ငံအနှံ့အပြား စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ထို့အပြင် ပီလောပီနံပင် တွင် ကျန်းမာရေးအထောက်အကူပြုနိုင်သော အသားဓာတ်၊ အမ

“ဆားမပါသော ဟင်းပေါပျက်ပျက်” ဆိုသလို ဆားသည် မြန်မာလူမျိုးများအတွက် သာမက လူသားတိုင်းအတွက် အရေးပါလှသည့် အဖိုးတန်ကုန်ပစ္စည်းတစ်မျိုးဖြစ်သဖြင့် ဆားကြောင့် စစ်ပွဲများပင် ဖြစ်ခဲ့ဖူးပါသည်။ ရှေးယခင်က ဆားကို အဖိုးတန်ပစ္စည်းဖလှယ်ရာ၌ ကြားခံပစ္စည်းတစ်ခုအဖြစ်လည်း အသုံးပြုခဲ့ကြသလို ဆားခဲအချပ်များကို ငွေအဖြစ်အသုံးပြုခဲ့ကြပါသည်။ ရောမခေတ်တွင် စစ်သားများအား ဝယ်ယူဖို့ထောက်ပံ့ငွေ “Salarium” လို့ခေါ်တဲ့ ဆားအခကြေးငွေ

မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ တို့သည် မြန်မာလူမျိုးတို့၏ ရိုးရာအစားအစာတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့၊ ရွာတိုင်းတွင် မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ တို့ကို ရောင်းချကြပြီး နံနက်စာ မှ နေ့လယ် နေ့ခင်း အဆာပြေ အပြင် ညလယ်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားလေ့ရှိကြသည်။ ထို့အပြင် မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ တို့သည် အာဟာရ တန်ဖိုးအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ်နှင့် ဓာတ်ဆားများ ပါဝင်ပြီး ချက်ပုံချက်နည်း ရိုးရှင်းလွယ်ကူသည့်အပြင် စရိတ်ပါ သက်
