ကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် ဈေးကွက် ရာသီနှစ်အတွင်း သကြားတန်ချိန် ၁ သန်းတင်ပို့ရန် လျာထားသော်လည်း မတ်လ ၁၁ ရက်နေ့အထိ တန်ချိန် ၀.၁၅ သန်းသာ တင်ပို့ထားနိုင်ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးတွင် ရာသီပေါ်သကြားသီးများကို စတင်ရောင်းချလျက်ရှိပါသည်။ ရာသီစာသကြားသီးများကို နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ ဥရောပသမဂ္ဂသို့ တင်ပို့ခဲ့သော ဆန်အချို့တွင် အဆိပ်ရှိပစ္စည်းတစ်မျိုးဖြစ် သော အာဖလာတော့ဆင်မှိုဆိပ် (Aflatoxin) အနည်းငယ်ပါဝင်မှုရှိသည် တွေ့ရှိခဲ့ရပြီး အစိုးရ အနေ ဖြင့် ဆန်တင်သွင်းသည့်နိုင်ငံများ၏ သွင်းကုန်ဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီအောင် ဆောင် ရွက်လျက်ရှိသည်ဟု အိန္ဒိယ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Jitin Prasada က လော့ဆာဘလွှတ်တော် (Lok Sabha) သို့ မတ်လ ၁၁ ရက်နေ့၌ စာဖြင့်ရေးသား ဖြေကြားရာ တွင် ဖော်ပြခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ယခုအခါ ထားဝယ်မြို့ပေါ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ကန်စွန်းရွက်များကို စိုက်ပျိုးကြကြောင်း၊ ကန်စွန်းရွက်များကို ကမ်းနား ဈေးနှင့်အခြားဈေးငယ်များတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ကန်စွန်းရွက်(၁)စည်းလျှင်(၄၀၀)ကျပ်၊ ကန်စွန်းရွက်(၃)စည်းလျှင်(၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ကန်စွန်းရွက်များကို အိမ်ရှင်မမ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးနှင့် သံလမ်းဈေးအတွင်းတွင် ထောပတ် သီးများ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ပြင်ဦးလွင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း ) တောင်ကြီး၊ ဟိုပုံ၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်း ကြပါသည်။
